မန်ကန်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲကျင်းပ

မန်ကန် အောက်တိုဘာ ၉

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ ဖတ်/မှတ် စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မွန်မွန်စိုးက စာအုပ်စာပေများကို ရင်းနှီးကျွမ်းဝင်စေရန်နှင့် အသိပညာဗဟုသုတများ မြှင့်မားလာစေရန်ရည်ရွယ်၍ ဟောပြောခဲ့ပြီး တက်ရောက်လာသော ကလေးများအား ဖတ်/မှတ်စွမ်းရည်ပြိုင်ပွဲ ပြုလုပ် ပေးကြောင်း သိရသည်။

ထို့နောက် ကလေးများအား အသိပညာဗဟုသုတရရှိစေမည့် သုတ/ရသစာအုပ်များနှင့် ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များကိုပြသခဲ့ရာ ကလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မွန်မွန်