ကျောက်ဆည်မြို့နယ် စပါယ်တောကျေးရွာတွင် မိုးသီးနှံပဲတီစိမ်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် အောက်တိုဘာ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းစားသုံးဆီ ဖူလုံပိုလျှံရေးမိုးသီးနှံများတိုးချဲ့စိုက်ပျိုးလျက်ရှိရာ စပါယ်တောကျေးရွာတွင်မိုးပဲတီစိမ်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင်တိုက်နယ်(၁၂)ခုရှိပြီး စပါယ်တောကျေးရွာသည် တိုက်နယ်(၁၀)တွင် ပါဝင်ပြီး ပဲတီစိမ်းသီးနှံ(၈၃)ဧက စိုက်ပျိုးထားကြောင်း၊ အခြားတိုက်နယ်ဝင်ကျေးရွာအုပ်စုများဖြစ်သည့် ဟံမြင့်မိုရ်ကျေးရွာအုပ်စု၌ (၂၂၉) ဧက၊ ပန်းခွာကျေးရွာအုပ်စု၌ (၁၂၅၆)ဧက၊ လက်ပန်ပင်ကျေးရွာအုပ်စု၌(၂၇၉)ဧက၊ တောင်နောက်ကျေးရွာအုပ်စု၌ (၁၃၀)ဧက၊ အရှေ့ငယ်တိုးကျေးရွာအုပ်စု၌ (၁၉၆၃) ဧက၊ ဒါန်းတိုင်ကျေးရွာအုပ်စု၌ (၆၁၁)ဧက၊ ဖျောက်ဆိပ်ပင်ကျေးရွာအုပ်စု၌ (၁၁၆၆)ဧက၊ ဇရပ်ဖြူ ကျေးရွာအုပ်စု၌ (၃၃၂)ဧက၊ ဆူးလေကုန်းကျေးရွာအုပ်စု၌ (၁၀၂၁) ဧက၊ သင်္ဂတုံကျေးရွာ၌ (၇၃၃)ဧက၊ ကိုးပင်ကျေးရွာအုပ်စု၌ (၂၀၉)ဧက အသီးသီးစိုက်ပျိုးထားကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရ သည်။

ကျောက်ဆည်မြို့နယ်တွင် မိုးနှမ်းသီးနှံများအောင်မြင်ဖြစ်ထွန်းစေရေး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေပေးမြောင်းများအလိုက် စိုက်ပျိုးရေများလုံလောက်စွာ အလှည့်ကျစနစ်ဖြင့် စိုက်ပျိုးရေများပေးဝေလျက်ရှိကြောင်း သိရသည်။

စုစုအေး