မော်လမြိုင်ကျွန်း အောက်တိုဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၏ဦးဆောင်မှုဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခုနှစ် ကော်ဖီပျိုးပင် ပေးအပ်ပွဲနှင့် စိုက်ပျိုးနည်းသရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီက တန့်ငူကျေးရွာ အုပ်စု၊ ကွမ်းခြံချောင်းကျေးရွာ၊ အောင်တော်မူသာသနာ့ရောင်ခြည် ကျောင်းဝန်းမြေ (၁) ဧက ပေါ်တွင် စိုက်ပျိုးသရုပ်ပြခဲ့ကြောင်း သိရသည်။
အဆိုပါ ကော်ဖီပျိုးပင်များစိုက်ပျိုးရာ၌ ကော်ဖီတွင်ရောဂါပိုးမွှားများကို တိုက်ဖျက်ကာကွယ်ပေးနိုင်သည့် ခန္ဓာကိုယ်အကျိုးပြု ဓာတ်တိုးဆန့်ကျင် ပစ္စည်း (ခေါ်) antioxi-dant အာဟာရ ဓာတ်သတ္တုများပါဝင်နေခြင်း၊ ခန္ဓာကိုယ်အတွင်း အဆီလောင်ကျွမ်းမှုကို အားပေးကူညီနိုင်ခြင်း၊ အသည်းကိုအား ကောင်းစေခြင်းစသည့် အကျိုးကျေးဇူးများရရှိကြောင်းသိရသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးသိန်းဋ္ဌေးနှင့်ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များက စုပေါင်း၍ ကော်ဖီပျိုးပင်များ စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။
ရဲကိုမောင်