အမြို့မြို့အနယ်နယ်သတင်းများ

Oct 13,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မီးသတ်စခန်းနှင့် (၂)မိုင်ခန့်အကွာရှိ ၂၀ ရပ်ကွက် ဖူးကြီးများလမ်း၌ အောက်တိုဘာ (၁၁) ရက်နေ့ ည (၆) နာရီ ၅၂ မိနစ်ခန့်တွင် Nissan Vane အမျိုးအစား ကားအဖြူရောင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်း ရရှိသည်။
Oct 12,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ်တွင် မြန်မာအီလက်ထရောနစ်  မဲပေးစက် (MEVM)ဆိုင်ရာ သိကောင်းစရာများနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၂ရက်က အိုက်ငို့အုပ်စု ဟာကြားဟုန်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်သည်။  
Oct 12,2025
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း ယာယီနေရပ်စွန့်ခွာမိသားစုများ နေထိုင်စား သောက်မှုအဆင်ပြေစေရေး အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ယနေ့ မွန်းလွဲ ၂ နာရီ က မြစ်ကြီးနားမြို့နယ် ရွှေစက်ရပ်ကွက်အတွင်းရှိ ယာယီနေရပ်စွန့်ခွာစခန်းများမှ အိမ်ထောင်စုများနှင့် နောင်နန်းကျေးရွာအုပ်စုအတွင်းရှိ အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့သည်။
Oct 12,2025
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ(Community Centre)၌ ယနေ့မွန်းလွဲ(၁)နာရီကမြို့နယ်စာရေးဆရာအသင်းမှလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပသည်။
Oct 12,2025
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာအုပ်စုရှိ ပုလဲပြည်သူ့ဆေးရုံ၌ အောက်တိုဘာ ၁၀ရက်က ရန်ကုန်အနောက်ပိုင်း ပြည်သူ့ဆေးရုံကြီးနှင့် တောင်ဥက္ကလာပမြို့နယ်ရှိ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက ကွင်းဆင်းဆေးကုသခြင်းဆောင်ရွက်သည်။
Oct 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းအချိန်က ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 12,2025
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ပူးပေါင်း၍ မြစ်သားကြက်သွန်သီးနှံ အထွက်နှုန်းကောင်းမွန်ရေးနှင့်ကြက်သွန်ကဏ္ဍဖွံ့ဖြိုးတိုးတတ်ရေးအလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။