ညောင်လေးပင် အောက်တိုဘာ ၁၂
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ(Community Centre)၌ ယနေ့မွန်းလွဲ(၁)နာရီကမြို့နယ်စာရေးဆရာအသင်းမှလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပသည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံစာရေးဆရာအသင်း (ဗဟို) အလုပ်အမှုဆောင်၊ မြို့နယ် စာရေးဆရာအသင်း (နာယက) ဒေါက်တာ မြင့်သန်း (ညောင်လေးပင်)က နိုဝင်ဘာလတွင် အထက်တန်းအဆင့်ကဗျာပြိုင်ပွဲကျင်းပရန်ရှိကြောင်းနှင့် အထက်တန်းဆင့်ကဗျာပြိုင်ပွဲတွင် ဆုရရှိသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့်နှစ်သိမ့်ဆု(၅)ဆု ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ဆုများကို ထိုက်ထိုက်တန်တန် ချီးမြှင့်သွားရန်နှင့် မြို့နယ်မဂ္ဂဇင်းများထုတ်ဝေရန်နီးကပ်လာပြီဖြစ်၍ စာမူများပေးပို့ပါရန် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် ဦးလှမြင့်(လှမြင့်ဦး-ညောင်လေးပင်)၊ အဖွဲ့ဝင်ဦးဌေးနိုင်(ဌေးနိုင်-ဗန်ဒါ-ညောင်လေးပင်)နှင့် အဖွဲ့ဝင် မောင်ကြည်လွင်(ရွှေကြိုးကြာ) တို့မှ ဆွေးနွေးသည်။
ထို့နောက် စာရေးဆရာအသင်းအဖွဲ့ဝင်များက ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံစာရေးဆရာအသင်း ဗဟိုအလုပ်အမှုဆောင်၊ မြို့နယ်စာရေးဆရာအသင်း(နာယက) ဒေါက်တာမြင့်သန်း (ညောင်လေးပင်)က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)