မြစ်သားကြက်သွန်သီးနှံအထွက်နှုန်းကောင်းမွန်ရေးနှင့်ကြက်သွန်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေး

မြစ်သား   အောက်တိုဘာ ၁

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ပူးပေါင်း၍ မြစ်သားကြက်သွန်သီးနှံ အထွက်နှုန်းကောင်းမွန်ရေးနှင့်ကြက်သွန်ကဏ္ဍဖွံ့ဖြိုးတိုးတတ်ရေးအလုပ်ရုံဆွေးနွေးပွဲကို မန်နေ့ နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်က အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစိုးမင်းနိုင်က အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ စိုက်ပျိုးထုတ်လုပ်မှုနည်းပညာများ တင်ပို့ရောင်းချမှုနှင့်သိုလှောင်မှု လုပ်ငန်းစဥ်များစျေးကွက်အခြေအနေနှင့် တန်ဖိုးမြင့်ထုတ်ကုန်ထုတ်လုပ်နိုင်မှုအခြေအနေများကို ဆွေးနွေးပြောကြားသည်။

မြစ်သားကြက်သွန်းသီးနှံအထွက်နှုန်းကောင်းမွန်ရေးနှင့် ကြက်သွန်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစိုးမင်းနိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်ကြက်သွန်အသင်းဥက္ကဋ္ဌနှင့် ကြက်သွန်ကုန်သည်လုပ်ငန်းရှင်များ၊ ကြက်သွန်စိုက်တောင်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ဝါဝါမြင့် (မြစ်သား)