မိုင်းဖြတ်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ လွယ်ကူစွာမဲပေးနိုင်ရေး အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်

 မိုင်းဖြတ် အောက်တိုဘာ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ သိကောင်းစရာများနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၂ရက်က အိုက်ငို့အုပ်စု ဟာကြားဟုန်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်သည်။  

ထိုသို့ အသိပညာပေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမျိုးက လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးမှ ဦးစီးအရာရှိ ဦးအောင်မြတ်မိုးက မြန်မာအီလက်ထရောနစ် မဲပေးစက်အကြောင်းသိကောင်းစရာများ၊ စမ်းသပ်မဲပေးပုံအဆင့်ဆင့်တို့ကို လက်တွေ့ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျေးရွာနေပြည်သူများက စမ်းသပ်မဲပေးခြင်းများကို အဆင့်ဆင့်ဆောင်ရွက်သည်။ ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မကြာမီ ကျင်းပတော့မည်ဖြစ်ရာ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ပြည်သူများ လွယ်ကူလျင်မြန်စွာ မဲပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ပြီး ကျန်ရှိနေသည့် ကျေးရွာများသို့ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

သန်းထွန်းအေး(မိုင်းဖြတ်)