မင်္ဂလာဒုံမြို့နယ် ပုလဲပြည်သူ့ဆေးရုံ၌ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသ 

မင်္ဂလာဒုံ အောက်တိုဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာအုပ်စုရှိ ပုလဲပြည်သူ့ဆေးရုံ၌ အောက်တိုဘာ ၁၀ရက်က ရန်ကုန်အနောက်ပိုင်း ပြည်သူ့ဆေးရုံကြီးနှင့် တောင်ဥက္ကလာပမြို့နယ်ရှိ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက ကွင်းဆင်းဆေးကုသခြင်းဆောင်ရွက်သည်။

ထို့သို့ ကုသဆောင်ရွက်ပေးရာတွင် အသက် (၁၂) နှစ်အောက် ကလေးများအတွက် ရောဂါကုသပေးခြင်း၊ အသက် (၁၂) နှစ်အထက် ရောဂါဝေဒနာရှင်များကို အထွေထွေ သမားတော်များက ကုသပေးခြင်း၊ နား၊ နှာခေါင်း၊ လည်ချောင်းဆိုင်ရာ ရောဂါဝေဒနာရှင်များ၊ မျက်စိ ရောဂါဆိုင်ရာ ဝေဒနာရှင်များ၊ အရိုးနှင့်အကြောရောဂါဆိုင်ရာ ဝေဒနာရှင်များ၊ သားဖွားမီးယပ်၊ အရေပြားဆိုင်ရာရောဂါ ဝေဒနာရှင်များ၊ သွားနှင့်ခံတွင်းဆိုင်ရာ ရောဂါဝေဒနာရှင်များ၊ ခွဲစိတ်ကုသခြင်းဆိုင်ရာ ကုသမှုလိုအပ်နေသော ဝေဒနာရှင်များအား အခမဲ့ဆေးကုသမှုဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြရာ ရန်ကုန်အနောက်ပိုင်း ပြည်သူ့ဆေးရုံကြီးနှင့် တောင်ဥက္ကလာပမြို့နယ် အမျိုးသမီးနှင့်ကလေးဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များမှ  ရောဂါများရှာဖွေစစ်ဆေးခြင်းနှင့် ဆေးများ (အခမဲ့)ပေးဝေ၍ ကုသခြင်းများကို အငြိမ်းစားဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

မင်းသိန်းထွန်း