နောင်မွန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာရာ မဲဆန္ဒရှင်ပြည်သူများလာရောက်ကြည့်ရှု

နောင်မွန်း အောက်တိုဘာ ၇

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် ဒီဇင်ဘာလ ၂၈ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများဆန္ဒမဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းကစတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအသီးသီး၌ မြို့နယ်ရွေးကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲက ကပ်ထားကြေညာလျက်ရှိရာပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

ထိုသို့မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာရာတွင် အသက်(၁၈)နှစ် ပြည့်ပြီးသူများအနေဖြင့် မိမိတို့နေထိုင်ရာဒေသတွင် ပုံစံ (၆၆/၆) ရှိပြီး မဲစာရင်း၌ မိမိအမည်မပါဝင်ပါက ထည့်သွင်းပေးရန် တောင်းဆိုလွှာပုံစံ (၃) ဖြင့်လည်းကောင်း၊ မဲစာရင်းပါအမည်နှင့် အခြားအချက်အလက်များအား ကန့်ကွက်ရန်ရှိပါက ကန့်ကွက်လွှာပုံစံ (၄) ဖြင့်လည်းကောင်း၊ မဲစာရင်းပါအချက်အလက် တစ်ခုခုကို ပြင်ဆင်ရန်ရှိပါက ပြင်ဆင်လွှာပုံစံ (၄-ဂ) ဖြင့် မဲစာရင်းထုတ်ပြန်ကြေညာသည့် ရက်မှစ၍ (၁၄) ရက်အတွင်း လျှာက်ထားရန်နှင့် လက်ရှိ‌ နေထိုင်ရာဒေသ၌ ရက်ပေါင်း (၁၈၀) ထက်မနည်း‌‌ ရောက်ရှိနေထိုင်သော အခြားမဲဆန္ဒရှင်များအနေဖြင့် မိမိလက်ရှိ‌နေထိုင်ရာဒေသ၏ မဲဆန္ဒရှင်စာရင်းတွင်ပါဝင်နိုင်ရန် လျှောက်လွှာပုံစံ (၃-က)ဖြင့် မဲစာရင်းထုတ်ပြန်ကြေညာသည့် ရက်မှစ၍ (၆၀) ရက်ထက် နောက်မကျစေဘဲ သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲမှ တစ်ဆင့်  မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့သတ်မှတ်ပုံစံများဖြင့် လျှောက်ထားနိုင်ကြောင်း သိရသည်။

နောင်မွန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရပ်ကွက် (၆)ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၄)အုပ်စုရှိ ကျေးရွာပေါင်း (၅၃)ရွာတွင် မဲရုံပေါင်း (၂၁)ရုံဖြင့် ကျင်းပမည်ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများ လာရောက်မဲပေးနိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)