မိုင်းရှူး အောက်တိုဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယနေ့မွန်းတည့်(၁၂)နာရီအချိန်က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ဘုရားအမှူးပြု၍ မိုင်းရှူးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းပေါင်း (၄၇) ကျောင်းမှ ဆရာတော်၊ သံဃာတော် (၈၁၇)ပါးက အမှတ်(၄)ရပ်ကွက်ရှိ ယုံးပေါင်ကျောင်းမှမြို့လယ်ဘုရားကြီးကျောင်းသို့ ကြွရောက်အလှူခံရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများနှင့် ရပ်နီး၊ရပ်ဝေး အလှူရှင်များက ဝတ္ထုငွေ၊ ဆန်၊ ဆေး၊ အချိုရည်၊ ချိုချဉ်၊ မုန့်များ အစရှိသော လှူဖွယ်ပစ္စည်းများ လောင်းလှူခဲ့ကြကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)