Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
၂၀၂၁ ခုနှစ် မိုးရာသီလူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော် တောင်ကုတ်မြို့၌ ကျင်းပ
Jun 18,2021
ရခိုင်ပြည်နယ် သံတွဲခရိုင် တောင်ကုတ်မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၁ ခုနှစ် မိုးရာသီလူထု စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို တောင်ကုတ်မြို့ အစိုးရစက်မှု၊ လက်မှုသိပ္ပံကျောင်းရှေ့ လမ်းဘေးဝဲယာနှင့် တောင်ကုတ် မန်အောင် ရွှေလင်းယုန် အမြန်ရေ ယာဉ်ဆိပ်ဆင်း လမ်းမကြီး လမ်းဘေးဝဲယာတို့၌ ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြု လုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်တွင် အား/ကာကော်မတီဥက္ကဋ္ဌဖလား ၂၅ နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ အုပ်စု မဲနှိုက် ရွေးချယ်
Jun 18,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၁ခုနှစ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ အုပ်စု မဲနှိုက် ရွေးချယ်ပွဲကို ယနေ့နေ့လည် ၁နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးဇေယျာဟန်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုလက်ထောက်ကြီးကြပ်ရေးမှူး ဦးအေးချမ်းနိုင်နှင့်မြို့နယ်အား/ကာ ကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူနှင့် နည်းပြများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျုံပျော်တွင် လျှပ်စစ်သံဂဟေဆက် (အခမဲ့) သင်တန်းဆင်းပွဲကျင်းပ
Jun 18,2021
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဦးဆောင် ဖွင့်လှစ်ခဲ့သည့် လျှပ်စစ်သံဂဟေဆက် (အခမဲ့)သင်တန်း ဆင်းပွဲကို အဆိုပါရုံးသင်တန်းခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ကြီးမြို့နယ်၌ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ရုံးတွင်းစာဖတ်ဝိုင်းပြုလုပ်
Jun 18,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ယနေ့ မနက်(၁၀)နာရီအချိန်တွင် ပြန်/ဆက် ဝန်ထမ်းများမှ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသော အသိနှင့်ပညာ စာအုပ်ဖြင့် ရုံးတွင်း စာဖတ်ဝိုင်း ပြုလုပ် ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်းမှ ပြည်သူများအား နေ့စဉ် ကျန်းမာရေးစောင့်ရှောက်မှုပေး
Jun 18,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ကျန်းမာရေးကောင်းမွန်စွာ နေထိုင်နိုင်ရန် ရည်ရွယ်၍ ကြက်ခြေနီအသင်း(အင်းစိန်)မှ တာဝန်ရှိသူများက (၂၄)နာရီ လူနာတင် ယာဉ်ကား(၂)စီးဖြင့် ပြည်သူများ၏ ကျန်းမာရေး လိုအပ်ချက်များကို နေ့စဉ် ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဦးမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာ၌ သွေးလွန်တုတ်ကွေးကြိုတင် ကာကွယ်ရေး ဖုံး၊ သွန်၊ လဲစစ် စနစ်ဖြင့် (အဘိတ်) ဆေးခတ်ခြင်းများ ကွင်းဆင်းဆောင်ရ…
Jun 18,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာ၌ မိုးရာ သီတွင် ခြင်မှ ကူးစက်ဖြစ်ပွားတတ်သော သွေးလွန်တုတ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲစစ် စနစ်ဖြင့် ပိုးလောက်လန်းသေ (အဘိတ်) ဆေးခတ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် နှာခေါင်းစည်းများ လှူဒါန်းပေး
Jun 18,2021
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေစစ်ဆေးခြင်း၊ ရောဂါထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ယနေ့တွင် စံပြကုမ္ပဏီမှ နှာခေါင်းစည်းများ လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေကြည်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အဘိတ်ဆေး ခတ်ပေးခြင်းများ ဆောင်ရွက်
Jun 18,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၌ မြို့ပေါ်ရပ်ကွက်များသို့ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည် မိုးဦးကာလတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ယနေ့ နံနက် ၈ နာရီခွဲက မြို့ပေါ်ရပ်ကွက် အသီးသီးရှိ နေအိမ်များသို့ ပိုးလောက်လန်းများမရှိ စေရန်ရေကန်၊ ရေတိုင်ကီ၊ ရေအိုး၊ ရေပုံးအတွင်း ခြင်ဖြစ်မည့် ပိုးလောက်လန်းများအား အဘိတ်ဆေးခတ်ခြင်း၊ အဘိတ်ဆေးများကို တစ်အိမ်တက်ဆင်း လိုက်လံဝေငှ ပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26564
Page
26565
Page
26566
Page
26567
Current page
26568
Page
26569
Page
26570
Page
26571
Page
26572
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department