မင်းပြားမြို့နယ် မီးသတ်ဦးစီးဌာနဝန်ထမ်းများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ ပစ္စည်း များပေးအပ်

မင်းပြား ဇွန် ၂၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်မီးသတ်ဦးစီးဌာနရှိ တပ်ဖွဲ့ဝင်မိသားစုများ၏ သား၊ သမီးများအား ကျောင်းသုံးပညာသင်ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ် ခြင်းကို ယမန်နေ့ မွန်းလွှဲ ၂ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမအတွင်း၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလူမော်က တပ်ဖွဲ့ဝင် မိသားစုများ၏ သားသမီးများအနေဖြင့် ပညာသင်ကြားရာတွင် အခက်အခဲမရှိဘဲ ပညာသင်ကြား နိုင်‌စေရေးနှင့် ထူးချွန်ထက် မြက်သော ကျောင်းသား၊ ကျောင်းသူများဖြစ် လာစေရန်အတွက် ပညာကိုကြိုးစားသင်ယူကြရန် အားပေးစကားပြောကြားခဲ့သည်။ ဆက်လက်၍ မင်းပြားမြို့နယ် မီးသတ်ဦးစီးဌာန၌ တာဝန်ထမ်းဆောင် နေကြသော တပ်ဖွဲ့ဝင်မိသားစုဝင်များ၏ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်များတွင် ပညာသင်ယူနေကြသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဗလာစာအုပ်၊ ခဲတံ၊ ဘောပင် စသော ကျောင်းသုံးပစ္စည်းများနှင့် ပညာသင်ထောက်ပံ့ငွေများအား  ကျောင်းသား၊ ကျောင်းသူ များနှင့် သက်ဆိုင်ရာ မိဘအုပ်ထိန်းသူများထံ ထောက်ပံ့ပေး အပ်ခဲ့ကြောင်းသိရှိရသည်။

ခင်မောင်ထွန်း(ပြန်/ဆက်)