ရန်ကင်း ဇွန် ၂၁
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားစေရန် ရည်ရွယ်၍ အစိုးရနိကာယ်(၅) ရပ်စာမေးပွဲကို အမှတ်(၁၄) ရပ်ကွက် မိုးကောင်းဘုရားလမ်းရှိ မဟာသာသနာ့ဗိမာန်တော်၌ ယနေ့မွန်းလွဲ (၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာမေးပွဲတွင် ဝိဒူစု အုပ်စု(၁) ပါရာဇိကပါဠိဘာသာရပ်အား စာရင်းရှိ သံဃာတော်အပါး(၅၄) ပါးရှိပြီး၊ ဝင်ရောက်ဖြေဆိုသူ သံဃာတော်အပါး(၂၃)ပါး၊ ဝိဒူစုအုပ်စု(၂) သီလက္ခန္ဓဝဂ္ဂပါဠိ ဘာသာရပ် အားစာရင်းရှိသံဃာအပါး(၁၁)ပါး၊ ဝင်ရောက်ဖြေဆိုသူ သံဃာအပါး(၁၀)ပါး၊ စုစုပေါင်း ဝင်ရောက် ဖြေဆိုသူ သံဃာတော်(၃၃)ပါးရှိကြောင်း သိရသည်။
လှလှထွေး