မြင်းခြံ ဇွန် ၂၁
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် ၂၀၂၁ ခုနှစ် နိကာယ်(ဝိဒူတန်း) စာမေးပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီ အချိန်တွင် ရွှေပြည်စိုး သာသနာ့ဗိမာန်တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါ နိကာယ်(ဝိဒူတန်း) စာမေးပွဲတွင် စာရင်းရှိ စာဖြေသံဃာ ၃၁ ပါးရှိပြီး စာမေးပွဲ ဖြေဆိုသံဃာ ၁၄ ပါး ဖြေဆိုကြသည်။ စာမေးပွဲမကျင်းပမီ မြင်းခြံမြို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် အပူချိန်တိုင်းခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်းများလည်း ဆောင်ရွက် ခဲ့ကြသည်။
နိကာယ်(ဝိဒူတန်း) စာမေးပွဲကို ဇွန်လ ၂၁ ရက်နေ့မှ ဇွန်လ ၂၅ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး အလှူရှင်များမှလည်း နေ့စဉ်စာဖြေသံဃာတော်များအား အချိုရည်များ ဆပ်ကပ်လှူဒါန်းကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)