မအူပင်ဇွန်၂၁
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် အဖွဲ့သည် ယမန်နေ့ နံနက် ၉နာရီ အချိန်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်ရှိ အားကစားလုပ်ငန်းများ၊ အားကစားကွင်းများနှင့်အားကစားအဆောက်အဦများဆောင်ရွက်ထားရှိမှုကိုလိုက်လံကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးရာသို့မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦး ညီညီထွေး၊ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်း၊ ခရိုင်အားကစားနှင့်ကာယပညာ ဦးစီးဌာနလက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်မြင့်၊ မြို့နယ်တာဝန်ခံဒေါ်ဇင်မာခိုင်တို့က မအူပင်မြို့တွင် မိုးလုံလေလုံ အားကစားကွင်းတွင် အားကစားလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ပြည်သူ့အားကစားကွင်းတွင် ဘောလုံးကွင်းပြင်ဆင်နေမှုနှင့် ဘတ်စကတ်ဘောအားကစားကွင်းပြင်ဆင်ထားရှိမှု၊ စားပွဲတင်တင်းနစ်အဆောက်အဦ ထားရှိမှုနှင့်နေ့စဉ် ပြည်သူများလာရောက်ကစားခြင်းများကို တင်ပြရာ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က မြန်မာ့အားကစားဖွံဖြိုးတိုးတက်စေရန် ရပ်ကွက်/ကျေးရွာများမှစပြီး မြို့နယ်၊ခရိုင်၊တိုင်းအလိုက် မျိုးဆက်သစ်လူငယ်များ မွေးထုတ်ရာတွင်ကစားကွင်းများ၊ ဆက်စပ် ပစ္စည်းများကောင်းမွန်ရေး လိုအပ်ကြောင်း စသည့်လိုအပ်သည်များကို မှာကြားခဲ့ကြောင်းမြို့နယ်အားကစားတာဝန်ခံထံမှသိရသည်။
အောင်ခိုင်ပြန်/ဆက်