မုဒုံ ဇွန် ၂၁
မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရ မုဒုံမြို့နယ်၌ အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ ညနေ၂နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအစည်း အဝေးခန်းမ၌ပြုလုပ်ခဲ့ရာမြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးတင့်ဇော်၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမာ၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးဝင်းဇော်၊ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့နယ်အမျိုးသမီးရေးရာ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များတက်ရောက်သည်။
အစည်းအဝေးတွင် မြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌဦးတင့်ဇော်က အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်သွားရန်၊ အမျိုးသမီးများ အပေါ်နည်း မျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုများလျော့ကျရေး၊ နည်းမျိုးစုံဖြင့် အကြမ်းဖက်ခံရသော အမျိုးသမီး များအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနိုင်ရန်နှင့် ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော ကလေး သူငယ်များ၊ အမျိုးသမီးများ အတွက်မိမိတို့ဌာနဆိုင်ရာများ အခန်းကဏ္ဍအလိုက် ပူးပေါင်း ဆောင်ရွက် ပေးကြရန်ပြောကြားသည်။
ထို့နောက် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှဦးစီးအရာရှိဒေါ်ဝင်းဝင်းမာက မွန်ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသော လူမှုဝန်ထမ်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော ကော်မတီဝင်များမှရှေ့လုပ်ငန်းစဉ်များ ချမှတ်အတည်ပြုခြင်းနှင့် အကြံပြု ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
အောင်မျိုးသူ