မြောင်းမြ ဇွန် ၂၁
ဧရာဝတီ တိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊မြောင်းမြမြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၁နာရီက မြို့မရဲစခန်းဝန်း အတွင်းရှိအမှတ်(၈၁) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှယာဉ်ထိန်း ရဲတပ်ဖွဲ့များစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုခရိုင်ဦးစီးဌာနမှူး ဒေါက်တာစိုးသက် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက မြို့မရဲစခန်းဝန်း အတွင်းရှိအမှတ်(၈၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စု မှယာဉ်ထိန်းရဲတပ်ဖွဲ့များအား Antigen Rapid Diagnostic(RTD) Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိစစ်ဆေးခဲ့ရာ (၁၁)ဦးတွင် ရောဂါပိုးတွေ့ရှိကြောင်း သိရပြီး ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူများအား မြောင်းမြ ပြည်သူ့ဆေးရုံရှိ ကိုဗစ်-၁၉ရောဂါပိုး(Possitive)လူနာများ သီးခြားထားရှိသည့် Isolation Wardတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်းနှင့် ရောဂါပိုးရှိသူနှင့် ထိတွေ့ဆက်စပ်မှု ရှိသူများအား Facility Qurantineသို့ပို့ဆောင်၍ ဓာတ်ခွဲနမူနာများ ရယူစစ်ဆေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)