မြစ်ကြီးနား ဇွန် ၂၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်နယ်အသေးစားနှင့်စက်မှုလက်မှုဦးစီးဌာနရုံး၌ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းအား ယမန်နေ့နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့သည်။
တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် မြစ်ကြီးနားမြို့နယ် အတွင်းရှိ ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်လိုသူများ၊ အင်ဂျန်းယန်မြို့နယ်အတွင်းရှိ ပြည်သူများနှင့် မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ မရမ်းကျေးရွာအတွင်းရှိ ပြည်သူများအား သရက်သီးဖျော်ရည်၊ မန်ကျည်းသီး ဖျော်ရည်၊ ဇီးဖျော်ရည်၊ သင်္ဘောသီးဖျော်ရည်၊ ဇီးယို၊ မြေပဲယို၊ ခရမ်းချည်သီး ဆော့၊ မက်မန်းသီးဝိုင်၊ ကျောက်ကျော၊ ပေါက်စီနှင့် အီကြာကွေး ပြုလုပ်နည်းများအား သင်ကြားပို့ချသွားမည် ဖြစ်ကြောင်းသိရှိရသည်။
အဆိုပါသင်တန်းအား ကိုဗစ် - ၁၉ စည်းကမ်းချက်များနှင့်အညီ ဇွန် ၂၁ ရက်မှ ဇွန် ၂၅ ရက် နေ့အထိ (၅)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြည်နယ်အသေးစားနှင့် စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရုံးမှ သိရှိရသည်။
မြစ်ကြီးနားခရိုင်(ပြန်/ဆက်)