ကျွန်းလှ အောက်တိုဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် မိုးစပါး ၃၄၀၉၉ ဧကစိုက်ပျိုးနိုင်ခဲ့ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ပန်းတိုင်အထွက်နှုန်းရရှိစေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသရာသီဥတုနှင့် ကိုက်ညီသည့် မျိုးကောင်း မျိုးသန့်ရွေးချယ် စိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ သင်တန်းများဖွင့်လှစ်ခြင်း၊ ဆွေးနွေးပွဲများပြုလုပ်ခြင်း၊ ပိုးမွှားကင်းထောက်ခြင်း၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိုးကျအချိန်ကိုက်သုံးစွဲခြင်း စသည့် စိုက်ပျိုးရေးဆိုင်ရာနည်ပညာများ ကွင်းဆင်းအသိပညာပေးလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်အတွင်းရှိ လယ်ယာမြေများသည် မိုးကောင်းသောက်ဖြစ်သော်လည်း မိုးစပါး ၃၄၀၉၇ ဧက စိုက်ပျိုးရန်လျာထားပြီး ၃၄၀၉၉ ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ဧရာမင်း၊ မနောသုခ၊ ရွှေသွယ်ရင်၊ ချမ်းမြေ့မေနှင့် အောင်နိုင်တိုးစပါးမျိုးများ စိုက်ပျိုးကြကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)