ပဲခူးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ပဲခူး ဇွန် ၂၃

ဝန်ထမ်းများ စာဖတ်သည့် အလေ့အထများ ရရှိစေရန်နှင့် နည်းလမ်းမှန်ကန်စွာ လိုက်နာ ကျင့်သုံးနိုင်စေရန် ရည်ရွယ်၍ ဝန်ထမ်းများ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့က “‌ဝန်ထမ်းကျင့်ဝတ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ချစ်ချစ်သန်းက ဝန်ထမ်းများလိုက်နာရမည့် တာဝန်များ၊ ဝန်ထမ်းစည်းကမ်းများ၊ ဌာနဆိုင်ရာအရေးယူခြင်း၊ ပြစ်မှုနှင့် ပြစ်ဒဏ်များတို့ကို အကျယ်တဝင့်ပြောကြားကာ စာဖတ်သည့် အလေ့အထများရရှိ လာပြီး လုပ်ငန်းခွင်အတွင်း ကျွမ်းကျင်မှုရှိစေရေး၊ ဌာနလုပ်ငန်းများ ဆောင်ရွက်ရာတွင် နည်းလမ်းမှန်ကန်စွာ လိုက်နာကျင့်သုံးနိုင်စေရန်၊ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေပြီး ပြည်သူများနှင့်ဆက်ဆံရာတွင် အဆင်ပြေစေရန် စသည့် အကျိုးကျေးဇူးများ ရရှိစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ဒုတိယဦးစီးမှူး၊ ရုပ်သံ(၃)၊ အကြီးတန်းစာရေး၊ အငယ်တန်းစာရေးနှင့် လုပ်သားရုပ်သံတို့က ဝန်ထမ်းကျင့်ဝတ်စာအုပ်ကို တစ်ဦးချင်းစီ ဖတ်ကြားခဲ့ပြီး စာအုပ်ပါ အကြောင်းအရာများအား အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မျိုးငြိမ်း