ဝါးခယ်မ ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ၂၀၂၁ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင်ယနေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်း၊ မူးယစ်ဆေးဝါး ပြဿနာ ဖြေရှင်းခြင်း၊ မူးယစ်အန္တရာယ် ရှောင်ကြဉ်ဖွယ်၊ မုံရွာဝင်းဖေ ရေးသားသော ကမ္ဘာ့ရန်သူ ဘိန်းဖြူကဗျာ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများနှင့် မူးယစ်ဆေးဝါးအသိပညာပေးကာတွန်းတို့ ပါဝင်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ရီရီလွင်နှင့်ဝန်ထမ်းများက သတင်းစကားလက်ကမ်းစာစောင်များကို ဆရာ/ဆရာမ များ၊ ကျောင်းသူ/ကျောင်းသား များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စောသန္တာဦး(ပြန်/ဆက်)