စလင်း၊ ဇွန် ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရေး စည်းကမ်းချက်များနှင့်အညီ ပင်စင် လစာ များထုတ်ပေးလျက်ရှိသည်။
စလင်းမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများကို ဇွန်လ ၂၁ ရက်နေ့မှစပြီး ပင်စင်လစာများ ထုတ်ပေးလျက်ရှိရာ ၂၁ ရက်နေ့တွင် ၆၀၈ဦး၊ ၂၂ရက်နေ့တွင် ၅၀၆ဦး၊ ၂၃ ရက်နေ့တွင် ၄၀၀ဦးကျော်ထုတ်ပေးလျက်ရှိကာ ပင်စင်လစာထုတ်ယူသူ သက်ကြီးပင်စင်စား များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိမ်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ထုတ်ပေးခဲ့ပြီး ကျန်ရှိနေသေးသည့် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများအချိန်မီ ထုတ်ပေးနိုင ်ရေးကို စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အဆိုပါအငြိမ်းစားဝန်ထမ်းများ ပင်စင်ထုတ်ပေး ရာတွင် ကိုဗစ်-၁၉ရောဂါ ကူးစက် ပျံ့ပွားမှုမရှိစေရန်အတွက် ရုံးအဝင်တွင် လက်ဆေးဘေစင် များထားရှိပေးခြင်း၊ ပါးစပ် နှာခေါင်းစည်းများ စနစ်တကျတပ်စင်ပြီးမှ ရုံးဝန်းအတွင်း ဝင်ရောက်စေခြင်း၊ ပင်စင် ထုတ်ယူရာတွင် လူစုလူဝေးများမဖြစ်ပေါ်စေရေးအတွက် နေ့စဉ် နံနက်(၇)နာရီမှ ညနေ(၃) နာရီအထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဒေါ်နီနီအောင် ထံမှသိရသည်။
မောင်လွင်(စလင်း)