ဘီးလင်းမြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှကောက်စိုက်စက်ဖြင့်စပါးစိုက်ပျိုးပြသ

 ဘီးလင်း ဇွန် ၂၃

 

သထုံခရိုင်၊ ဘီးလင်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာနသည် ယနေ့ နံနက်ပိုင်းက ဇုတ်သုတ် ကျေးရွာနှင့်ဇွဲကလာကျေးရွာတို့၌ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးပေးလျက်ရှိကြောင်းသိရသည်။

 

 ဘီးလင်းမြို့နယ်အတွင်းရှိစိုက်ပျိုးရေးတောင်သူများအနေဖြင့် စိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာ တွင် လုပ်သားရှားပါးမှု၊‌ ပြောင်းလဲလာသည့် ရာသီဥတုအခြေအနေအရ လုပ်ငန်းများ လွယ်ကူ မြန်ဆန်‌စေ ရေးနှင့်ကုန်ကျစရိတ်များလျော့ချနိုင်စေရန်ရည်ရွယ်၍ကောစိုက် စက်အသုံးပြုနည်းများ ကိုပြသခဲ့သည်။ ကောက်စိုက်ဖြင့်စိုက်ပျိုးခြင်းကြောင့် လုပ်ငန်းခွင်တွင်ကျယ်၍ ပြီးစီးမှုမြန်ခြင်း၊ သက်တောင့် သက်သာစိုက်ပျိုးနှိင်ခြင်း၊ မျိုးစေ့ကုန်ကျမှုလျော့နည်းခြင်း၊ ပျိုးပင်များပြုပြင် ထိန်းသိမ်းရ လွယ်ကူ၍ သန်မာပြီးရောဂါကင်းသောပျိုးပင်များရရှိမည် ဖြစ်ကြောင်း မြို့နယ်စက်မှုလယ်ယာ ဦးစီးမှူးထံမှသိရသည်။

 

ကောက်စက်စက်ဖြင့် စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများကိုပိုမိုသိရှိလာသည့်အတွက် ယခင်နှစ်ထက် ‌စိုက်ပျိုးသည့်တောင်သူများပြားလာကြောင်းလည်းသိရသည်။

 

ထူးနောင်