သီပေါမြို့၌ကိုဗစ်−၁၉ ရောဂါ အတည်ပြုလူနာ(၅)ဦး တွေ့ရှိ

သီပေါ ဇွန် ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ မြို့လယ်ရပ်ကွက်၊ နယ်မြေ (၈)၊ စိန်လမ်းနေ အသက်(၆၄)နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက်(၆၁)နှစ်အရွယ်အမျိုးသမီးတစ်ဦး၊ အသက်(၃၉)နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက်(၃၇)နှစ်အရွယ် အမျိုးသားတစ်ဦးနှင့်အသက်(၃၄) နှစ် အရွယ် အမျိုးသမီးတစ်ဦး စုစုပေါင်း(၅)ဦးတွင် ယမန်နေ့ ညနေပိုင်းက ကိုဗစ်−၁၉ရောဂါပိုး တွေ့ရှိရကြောင်း သိရသည်။

ကိုဗစ်−၁၉ရောဂါပိုး အတည်ပြုလူနာ အသက်(၆၄)နှစ်အရွယ် အမျိုးသားသည် ဇွန်လ ၂၂ ရက်နေ့ (၅)နာရီအချိန်ခန့်က လည်ချောင်းနာခြင်း၊ အသက်ရှုကြပ်၍မောပန်းခြင်း၊ ချောင်းဆိုးခြင်း တို့ကြောင့် သီပေါမြို့ပြည်သူ့ဆေးရုံသို့ လာရောက်ပြသခဲ့ရာ ဆရာဝန်က ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး COVID-19 Antigen RDT Test Kitဖြင့် ရောဂါပိုးရှိ/မရှိ စစ်ဆေးခဲ့ရာ ပိုးတွေ့ရှိရသဖြင့် ၄င်းနှင့် အတူနေထိုင်သော မိသားစုဝင်(၄)ဦးအားလည်းစစ်ဆေးခဲ့ရာ ပိုးတွေ့ရှိကြောင်း သိရသည်။ ကိုဗစ်−၁၉ ရောဂါပိုးတွေ့ရှိသူ အသက်(၆၁)နှစ်အရွယ်အမျိုးသားနှင့် အသက်(၃၉)နှစ်အရွယ် အမျိုးသားတို့သည် ဇွန်လ ၉ရက်နေ့က လားရှိုးမြို့၊ မယ်ဟန်ကျေးရွာ မင်္ဂလာဆောင်တွင် ဓာတ်ပုံရိုက်ကူးရန် သွားရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့ အတည်ပြုလူနာ(၅)ဦးသည် သီပေါမြို့ပြည်သူ့ဆေးရုံ သီးသန့်ကုသဆောင်(Isloation Ward)တွင်တက်ရောက် ဆေးကုသမှုခံယူလျက်ရှိကြောင်းနှင့် ၄င်းတို့နှင့် ထိတွေ့ခဲ့သူ(၇)ဦးအား စားသုံးသူရေးရာဦးစီးဌာနပိုင် ဂိုထောင်၌ဖွင့်လှစ်ထားရှိသော Quarantine Centre တွင် Quarantine ထားရှိကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)