Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စိတ်ကြိုက်ပန်းချီပြိုင်ပွဲ ကျင်းပ
Jun 24,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပေါက်မြို့ အောင်တော်မူရပ်ကွက် အမှတ် (၂) အခြေခံပညာ မူလတန်း လွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၏ စိတ်ကြိုက် ပန်းချီပြိုင်ပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက မြို့နယ်ရုံး Community Centre ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jun 24,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းပြန်/ဆက်မှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ…
Jun 24,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့်၊ အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို၊ ယနေ့ နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ လေးရွာအခြေခံပညာအထက်တန်းကျောင်းနှင့် မြို့ရှေ့အခြေခံပညာအထက်တန်းကျောင်း တို့တွင် ဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
အုတ်ဖိုမြိုနယ်အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် ဌာနဆိုင်ရာများ ညှိနှိုင်းဆွေးနွေး
Jun 24,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ဌာနဆိုင်ရာများ တွေ့ဆုံ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြစ်ကြီးနားမြို့တွင် လူနေဆိုင်ခန်း တစ်ခန်း ဝါယာကြိုးအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား
Jun 24,2021
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊ မင်းရပ်ရပ်ကွက်၊ အောင်ဆန်းလမ်းနှင့် စိမ်းမြဧရာလမ်းထောင့်ရှိ လူနေဆိုင်ခန်းတစ်ခန်း ဝါယာကြိုးအပူလွန်ကဲရာမှ ယနေ့ နံနက်(၈)နာရီ(၁၀)မိနစ်ခန့်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ချင်းရွှေဟော် ၌ “အောင်သုခ” ပဋ္ဌာန်းဓမ္မာရုံရေစက်သွန်းချ အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ
Jun 24,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ ကိုးနဝင်းအောင် စင်္ကြာစေတီကုန်းပေါ်တွင် ဗုဒ္ဓသာသနာရောင်ဝါထွန်းလင်းစေရန် ရည်ရွယ်၍ ချင်းရွှေဟော်မြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြု ကျောင်း တိုက်၊ ကျောင်းထိုင်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝေပုလ္လ အရှင်သူမြတ်၏ ဦးဆောင်မှုဖြင့် လောက်ကိုင်မြို့နယ်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်၊ ဒုတိယဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ထွန်းထွန်းမြင့် မိသားစုနှင့် စေတနာရှင်အလှူရှင်များ စုပေါင်းဆောက်လုပ်လှူဒါန်းသည့် “အောင်သုခ” ပဋ္ဌာန်းဓမ္မာရုံရေစက်သွန်းချ အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန်က ကိုးနဝင်းအောင်စင်္ကြာစေတီတော်ဝန်း အတွင်း အဆိုပါဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးညိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးလျက်ရှိ
Jun 24,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူလယ်သမား များ၏ သီးနှံစိုက်ပျိုးထုတ်လုပ်မှုစရိတ် လိုအပ်ချက်များအား အထောက်အကူဖြစ်စေရန်နှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်တို့ကို ရည်မှန်း၍ ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးလျက်ရှိရာ ယခုအခါ တွင်မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကောလင်းမြို့၌ စာဖတ်ဝိုင်းကျင်းပ
Jun 24,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဝန်ထမ်းများအနေဖြင့် စာဖတ်သည့်အလေ့အထများရရှိစေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးတတ်စေရန်၊ အလေ့အကျင့်ကောင်းများ၊ စာပေဗဟု သုတများ ရရှိစေရန်ရည်ရွယ်ပြီး စာရေးဆရာ ဇင်မင်းစိုး(ဗိုလ်ကလေး) ရေးသားသည့် မြန်မာ့အလင်းသတင်းစာတွင် ပါရှိသည့် "စည်းကမ်းဟူသည် လူ့တန်ဖိုး" ဆောင်းပါးကို ယနေ့ နံနက်ပိုင်းက စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26474
Page
26475
Page
26476
Page
26477
Current page
26478
Page
26479
Page
26480
Page
26481
Page
26482
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department