မြစ်ကြီးနားမြို့တွင် လူနေဆိုင်ခန်း တစ်ခန်း ဝါယာကြိုးအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

မြစ်ကြီးနား     ဇွန် ၂၄

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊ မင်းရပ်ရပ်ကွက်၊ အောင်ဆန်းလမ်းနှင့် စိမ်းမြဧရာလမ်းထောင့်ရှိ လူနေဆိုင်ခန်းတစ်ခန်း ဝါယာကြိုးအပူလွန်ကဲရာမှ ယနေ့ နံနက်(၈)နာရီ(၁၀)မိနစ်ခန့်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။

ဖြစ်စဉ်မှာ ဆိုင်းခန်းအတွင်း မျက်နှာကျက်တွင် သွယ်တန်ထားသည် ဝါယာကြိုးအပူလွန်ကဲရာမှ ဆိုင်ခန်းအတွင်းရှိ ပလပ်စတစ်များသို့ ကူးစက်လောင်ကျွမ်းခြင်းကြောင့် (၇၀x၃၀)ပေ၊ အုတ်ညှပ်(၂)ထပ် အဆောက်အဦ၏ အောက်ထပ်တွင် ဖွင့်လှစ်ထားသော ဆိုင်ခန်း(၄)အနက် ဆိုင်ခန်းနံပါတ်(၂)ဖြစ်သည့် (၂၀x၃၀)ပေ အုတ်ညှပ် ပလပ်စတစ်အရောင်ဆိုင်း၏ တံခါးများ၊ ဆိုင်အတွင်းရှိ ပလပ်စတစ်ပစ္စည်းများ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ ပြည်နယ်မီးသတ်ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးသန်းဇော်ဦး ဦးဆောင်၍ သန္ဓေ(၄၀)ဦး၊ အရန်(၁၀)ဦး၊ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ရေသယ်ယာဉ်(၂)စီး၊ စည်ပင်ရေသယ် ယာဉ်(၁)စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက်(၈)နာရီ(၂၅)မိနစ်ချိန်တွင် မီးငြှမ်းသတ်နိုင်ခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း မီးလောင်မှုနှင့်ပတ်သက်၍ ဆိုင်ရှင်ဖြစ်သူအား မြို့နယ်အမှတ်(၁) ရဲစခန်း မှ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရှိရသည်။

ခရိုင်ပြန်/ဆက်