အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စိတ်ကြိုက်ပန်းချီပြိုင်ပွဲ ကျင်းပ

ပေါက် ဇွန် ၂၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပေါက်မြို့ အောင်တော်မူရပ်ကွက် အမှတ် (၂) အခြေခံပညာ မူလတန်း လွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၏ စိတ်ကြိုက် ပန်းချီပြိုင်ပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက မြို့နယ်ရုံး Community Centre ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာကျော်က ပန်းချီပြိုင်ပွဲတွင် ပါဝင်ကြ​သော ကျောင်းသားကျောင်းသူများအား မူးယစ်ဆေးဝါး၏ အဓိပ္ပါယ်နှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ရရှိလာမည့် ဆိုးကျိုးအန္တရာယ်များနှင့် ပြိုင်ပွဲစည်းကမ်းချက်များကို အသိပညာပေး ဟောပြောခဲ့သည်။

 အဆိုပါ ပန်းချီပြိုင်ပွဲတွင် အမှတ် (၂) အခြေခံ ပညာမူလတန်းလွန်ကျောင်းမှ မူလတန်းအဆင့်၊ အလယ်တန်း အဆင့် ကျောင်းသား၊ ကျောင်းသူ (၁၅) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား၊ ကျောင်း သူများအား ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့တွင် မြို့နယ်ရုံး Community Centre ခန်းမ၌ ဆုများအသီးသီး ချီးမြှင့်ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။

ဉာဏ်တိုး​(ပေါက်)