Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြောက်ဥက္ကလာပမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ…
Jun 24,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့တွင် ၂၀၂၁ ခုနှစ် ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာ ကျောင်းများနှင့် ဌာနဆိုင်ရာရုံးများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေတာရှည်မြို့နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁ ဦးတွေ့ရှိ
Jun 24,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် သပြေကုန်းကျေးရွာမှ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံသို့ သွားရောက်ခဲ့သည့် အသက် ၄၃ နှစ်အရွယ် အမျိုးသမီး ၁ ဦးသည် ကိုဗစ်-၁၉ ရောဂါ လက္ခဏာဖြစ်ပေါ်လာသဖြင့် ယမန်နေ့ မွန်းလွဲပိုင်းက ရေတာရှည် မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် Test kit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ ပိုးတွေ့ ရှိခဲ့ပြီး အတူနေသားဖြစ်သူအား စစ်ဆေးရာပိုးတွေ့ရှိမှုမရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့၌ စာအုပ်စာပေချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန် စာဖတ်ဝိုင်းကျင်းပ
Jun 24,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်အတွင်းရှိ စာအုပ်စာပေချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန်၊ တစ်ဦးနှင့်တစ်ဦး အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန်၊ စာပေမှရရှိသော အသိ အမြင် ဗဟုသုတများကို အသုံးချတတ်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ကော့ကရိတ်မြို့နယ် စာရေးဆရာ အသင်းနှင့် (Womem Club)အဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာဖေမြင့် ရေးသားထားသည့် “အပြောင်မြောက်ဆုံး ဘဝတစ်ခု တည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မဟာအောင်မြေမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အလှူရှင်တို့ ပေါင်းစပ်ကာ ဗောဓိပင်ကျောင်းတိုက်ရှိ သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်
Jun 24,2021
မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် မန္တလေးမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းများမှ သံဃာတော်များနှင့် သီလရှင်ကျောင်းများရှိ သီလရှင်များကို နေ့ဆွမ်းများ ဆပ်ကပ် လှူဒါန်းလျက်ရှိရာ ယနေ့နံနက် (၉)နာရီတွင် မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ် ရပ်ကွက်ရှိ ဗောဓိပင်ကျောင်းတိုက်မှ ဆရာတော် သံဃာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အလှူရှင်တို့ ပေါင်းစပ်ကာ နေ့ဆွမ်းဆပ်ကပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့၌ ပန်းခင်းစီမံချက်အကြောင်းအသိပညာပေး ( Talk Show )အစီအစဉ်ကျင်းပ
Jun 24,2021
နေပြည်တော် တပ်ကုန်းမြို့နယ် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးတို့ ပူးပေါင်း၍ ပန်းခင်းစီမံချက် အကြောင်းအသိပညာပေး (Talk Show) အစီအစဉ်ကို ယနေ့ နံနက် ၁၀နာရီက အဆိုပါ ဦးစီးဌာနရှိ (Community Centre) ခန်းမတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
အုန်းတောဘုန်းကြီးကျောင်းရှိ မြိုင်ကြီးငူအထူးဒေသ စစ်ဘေးရှောင်ပြည်သူများအား ပထမအကြိမ် ကိုဗစ် - ၁၉ရောဂါကာကွယ်ဆေးထိုးနှံပေး
Jun 24,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ အမှတ်(၂) ရပ်ကွက်အတွင်းရှိ အုန်းတောဘုန်းကြီးကျောင်း၌ မြိုင်ကြီးငူအထူးဒေသမှ စစ်ဘေးလာရောက် တိမ်းရှောင်နေကြသည့် တိုင်းရင်းသားပြည်သူများအနက်မှ အသက် (၁၈)နှစ် ပြည့်ပြီးသူများအား ယနေ့နံနက် ၈ နာရီအချိန်မှ၍ ပထမအကြိမ် ကိုဗစ် - ၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်းမြို့နယ်တွင် ကျေးရွာအဆင့်ခေါင်းဆောင်မှုသင်တန်းဖွင့်လှစ်
Jun 24,2021
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာအဆင့် ခေါင်းဆောင်မှုသင်တန်းကို ဇွန်(၂၂)ရက် နံနက်(၁၀)နာရီက ဤဦးစီးဌာန အစည်းအဝေးခန်းမနှင့် ကြာကြီးကွင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးတို့တွင် နှစ်နေရာခွဲ၍ ဖွင့်လှစ် ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ခမောက်ကြီးမြို့တွင် မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Jun 24,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယနေ့နံနက်ပိုင်းတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26476
Page
26477
Page
26478
Page
26479
Current page
26480
Page
26481
Page
26482
Page
26483
Page
26484
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department