အုတ်ဖို ဇွန် ၂၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ဌာနဆိုင်ရာများ တွေ့ဆုံ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးအောင်ဇော်မင်းက အဖွင့်အမှာစကားပြောကြားရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask Campaign လုပ်ငန်းများတွင် ဌာနဆိုင်ရာ ဝန်ထမ်းများအား တာဝန်ခွဲဝေထားပြီးဖြစ်ကြောင်း၊ လိုအပ်ပါက Quarantine Centre များနှင့် မြို့အဝင်အထွက် ဂိတ်များတွင် တာဝန်ခွဲဝေချထား ပေးသွားမည် ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအနေနဲ့ လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများတွင် အခက်ခဲ ရှိပါ မိမိတို့အနေနဲ့ ပေါင်းစပ်လုပ်ကိုင်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများက ယခုလက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ကြပြီး ဦးအောင်ဇော်မင်းက ပေါင်းစပ်ညှိနှိုင်းရန် လိုအပ်သည်များကို ဆွေးနွေးကာ နိဂုံချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
အောင်သူ