မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မိုင်းဆတ် ဇွန် ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ  ခရိုင်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က မြို့နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများမှ ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်လာစေရန် အသိပညာပေးရေး၊ ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ခရီးသည်များအား ကိုယ်ပူချိန်တိုင်းတာစစ်ဆေးရေး၊ ခရီးသွားရာဇဝင်မှတ်တမ်းထားရှိရေး အမှာစကား ပြောကြားသည်။

ဆက်လက်၍ မြို့နယ်ကိုဗစ်-၁၉ ရောဂါစောင့်ကြည့်စစ်ဆေးကုသရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရွှေထွန်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး စစ်ဆေး ဆောင်ရွက်နေမှုအခြေအနေများ၊  မိုင်းတုံမြို့နယ်ကိုဗစ်-၁၉ ရောဂါစောင့်ကြည့်စစ်ဆေး ကုသရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးမှု၊ Quarantine Centre ပြင်ဆင်ဆောင်ရွက်မည့်အစီအစဉ်များ၊ မိုင်းတုံမြို့နယ်ဆရာဝန်ကြီး ဒေါက်တာသက်ခိုင်မင်းက ကုန်တင်ယာဉ်များ၊ ခရီးသည်တင် ယာဉ်များမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် များအား Antigen Rapid Diagnostic Test Kit ဖြင့် စစ်ဆေးမည့်အစီအစဉ်များကို ဆွေးနွေးတင်ပြခဲ့သည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ် နိုင်ရေးအတွက် အခြားသောတိုင်းဒေသကြီး၊ ပြည်နယ်များမှဝင်ရောက်လာသူများ၊ လေကြောင်း ခရီးစဉ်ဖြင့်ရောက်ရှိလာသူများနှင့် နိုင်ငံခြားပြန်များအား စနစ်တကျကြပ်မတ်စစ်ဆေး၍ Quarantine ထားရှိရေး စသည့်အချက်များဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ခရိုင်ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော် က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။

မြင့်မောင်(ပြန်/ဆက်)