Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ချောင်းဆုံမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Sep 28,2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအဆင့်ဆင့်၏ကြီးကြပ်ကွပ်ကဲမှုဖြင့် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၈) နာရီက အ.ထ.က(ချောင်းဆုံ)ကျောင်း သီရိရတနာခန်းမတွင်ကျင်းပရာ အမှတ်(၆)တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒုတိယဗိုလ်မှူးကြီးမျိုးခိုင်၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သံဖြူဇရပ်မြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကျင်းပ
Sep 28,2024
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ကျောင်းသားလူငယ်များစာဖတ်သည့် အလေ့အထများရှိလာစေရန် ရည်ရွယ်၍ စာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ပညာ့ဗိမာန်)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ
Sep 28,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇီးကုန်းမြိုနယ်၌ မိုးစပါးစံကွက်ရိတ်သိမ်း တစ်ဧကတင်း(၁၀၀)ကျော် ထွက်ရှိ
Sep 28,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီမှ ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ဧကများအား ကွင်းဆင်းကြီးကြပ်၍ရိတ်သိမ်းလျက်ရှိရာ ယမန်နေ့က သာပေါင်းကျေးရွာအုပ်စု၊ သာပေါင်းကျေးရွာ ကွင်းအမှတ်-၃၈၁(s) တောင်သူဦးသန်းဌေး၏ လယ်၌ ရိတ်သိမ်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကန်ကြီးထောင့်မြို့နယ်၌ စာရင်းစစ်၊ စာရင်းကောက်သင်တန်းသားများမှ လက်တွေ့ကွင်းဆင်းကောက်ယူခြင်း ဆောင်ရွက်
Sep 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို စက်တင်ဘာလ (၁၇)ရက်နေ့က ကန်ကြီးထောင့်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယမန်နေ့တွင် သင်တန်းသား၊ သင်တန်းသူများမှ မြေပြင်လက်တွေ့ကောက်ယူခြင်းလုပ်ငန်းများကို မြို့ပေါ်ရပ်ကွက်များတွင် လက်တွေ့ကွင်းဆင်းကောက်ယူခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်မြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ ပြည်ခရိုင် အမျိုးသမီးရေးရာအဖွဲ့မှ မူးယစ်ဆေးဝါးအသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 28,2024
ပြည်မြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း ပညာတံခွန်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ပြည်ခရိုင် အမျိုးသမီးရေးရာအဖွဲ့မှ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောခြင်းများ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဖြူမြို့၌ နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Sep 28,2024
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက်ပိုင်းက အမှတ်(၃၂) လုံခြုံရေးရဲတပ်ဖွဲ့ခွဲရှိ ရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များမှ ဂုံးချွိန်ကျေးရွာရှိ ပေါ်တော်မူ ကံ့ကော်တော ဘုရား၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝမ်းတွင်းမြို့နယ် ရိုးစုံကျေးရွာအုပ်စု သပြေသာကျေးရွာ၌ စုပေါင်းသန့်ရှင်းရေးများပြုလုပ်ပေး
Sep 28,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်း စက်တင်ဘာလ(၁၁)ရက်မှ(၁၄)ရက် အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုများဖြစ်ပေါ်ခဲ့ပြီး ရေဝင်ရောက်ခဲ့သော ကျေးရွာအုပ်စုများရှိ အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2639
Page
2640
Page
2641
Page
2642
Current page
2643
Page
2644
Page
2645
Page
2646
Page
2647
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department