Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
စေတုတ္တရာမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစမ်းသပ်စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်
Oct 09,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်ဆေးပေးခြင်းနှင့် အခမဲ့စစ်ဆေးကုသပေးခြင်းတို့ကို ယနေ့နံနက် (၉)နာရီခွဲက စေတုတ္တရာမြို့နယ် မိခင်နှင့်ကလေးဌာနရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး တွေ့ဆုံပွဲပြုလုပ်
Oct 09,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၅ခုနှစ်၊ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တွေ့ဆုံပွဲကို အောက်တိုဘာလ ၈ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ကကြီးမှူး၍ ဂိုဏ်းပေါင်းစုံ သံဃနာယကနှင့် ဝိနည်းဓိုရ်သင်တန်း ဖွင့်လှစ်
Oct 09,2025
ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ကကြီးမှူး၍ ဂိုဏ်းပေါင်းစုံ သံဃနာယကနှင့် ဝိနည်းဓိုရ်သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီက ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်အနီးရှိ တပ်မတော်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အမှူးပြုသော သံဃာတော်အရှင်သူမြတ်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချူပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
MEVM မဲပေးစက် ကိုင်တွယ်အသုံးပြုနည်း နည်းပြသင်တန်းနှင့်စက်ကိုင်သင်တန်း ဖွင့်လှစ်
Oct 09,2025
ကသာမြို့နယ်၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မဲပေးစက် ကိုင်တွယ်အသုံးပြုနည်း နည်းပြသင်တန်းနှင့် စက်ကိုင်သင်တန်းတို့ကို အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီက ကသာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သင်တန်းခန်းမတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေပြည်သာမြို့နယ် အမှတ်(၂၃)ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား
Oct 09,2025
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် အမှတ်(၂၃)ရပ်ကွက် သိမ်ချောင်းလမ်းသွယ်၌ ယမန်နေ့ ည ၈ နာရီ ၁၈ မိနစ်အချိန်တွင် အကျယ် (၂၀×၆၀) သွပ်မိုး၊ အုတ်ညှပ်၊ ကွန်ကရစ်ခင်း (၂)ထပ်လူနေအိမ် (၁)လုံး သီတင်းကျွတ်မီးထွန်းရာ အနီးရှိ အဝတ်အထည်များသို့ ကူးစက်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ဆီထွက်သီးနှံတိုးချဲ့ စိုက်ပျိုးမည့်တောင်သူများအား မျိုးကောင်းမျိုးသန့်မျိုးစေ့များ ချီးမ…
Oct 09,2025
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် ဆန်နှင့်စားဆီ ဖူလုံရေး အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ မိုးစပါးရိပ်သိမ်းပြီး ရိုးပြတ်ကျန်လယ်များတွင် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမည့် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များအတွင်းရှိ တောင်သူများထံ မျိုးကောင်းမျိုးသန့်မျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို အောက်တို ဘာ ၈ ရက် နံနက် ၈ နာရီခွဲက မြစ်ကြီးနားခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာတွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ အချိုးကျ ရောစပ်ကြဲပက်ခြင်း ကွင်းသရုပ်ပြသ
Oct 09,2025
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာတွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ၁း၃ အချိုးကျရောစပ်ကြဲပက်ခြင်း ကွင်းသရုပ်ပြသခြင်းကို ယမန်နေ့နံနက် (၈)နာရီက သူငယ်တော်ကျေးရွာ ကွင်းအမှတ် ၁၃၃၆ ဦးပိုင်အမှတ် ၆၃က/ခ တောင်သူ ဦးကျော်လွင်၏ လယ်မြေ(၃)ဧကတွင် ဆောင်ရွက်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့၌ ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များ မီးဘေးလုံခြုံရေး ကွင်းဆင်းဆောင်ရွက်
Oct 09,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရပ်ကွက်များရှိ ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များ မီးဘေးလုံခြုံရေး ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2639
Page
2640
Page
2641
Page
2642
Current page
2643
Page
2644
Page
2645
Page
2646
Page
2647
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department