ကျောက်တန်း အောက်တိုဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ကျောက်တန်းမြို့နယ်တွင် ရုရှားနိုင်ငံ Kronstadt ခရိုင်နှင့် မြန်မာနိုင်ငံသန်လျင်ခရိုင် နှစ်နိုင်ငံ ချစ်ကြည်ရေးအထိမ်းအမှတ် အခြေခံပညာအဆင့် ပန်းချီပြိုင်ပွဲကို အောက်တိုဘာ ၈ ရက် နံနက် ၉ နာရီက မြို့မအခြေခံပညာ အလယ် တန်းကျောင်း ရွှေသံလွင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာမြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်သန်းဦးက ပန်းချီပြိုင်ပွဲနှင့်ပတ်သက်သည့် စည်းမျဥ်းစည်းကမ်းများ ရှင်းလင်းပြောကြားပြီး ကျောက်တန်းမြို့နယ်အတွင်းရှိ အထက်တန်းကျောင်းသား၊ ကျောင်းသူ (၁၅)ဦး၊ အလယ်တန်း (၂၁) ဦး၊ မူလတန်း(၁၂)ဦးတို့က နံနက် ၉ နာရီမှ ၁၁ နာရီအထိ ပန်းချီပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ကြကြောင်း သိရသည်။
ရုရှားနိုင်ငံ Kronstadt ခရိုင်နှင့် မြန်မာနိုင်ငံ သန်လျင်ခရိုင် နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ် အခြေခံပညာအဆင့် ပန်းချီပြိုင်ပွဲကျင်း ပရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သန်းဦးနှင့်တာဝန် ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
နေလင်းကျော် (ပြန်/ဆက်)