ငဖဲမြို့နယ်တွင် အသက် ၁၀၀ နှစ်အထက် အဘွား ၃ ဦးအား အလှူငွေများထောက်ပံ့လှူဒါန်း

ငဖဲ အောက်တိုဘာ ၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိလ်များနေ့အထိမ်းအမှတ်အဖြစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့လှူဒါန်းသည့် အလှူငွေများကို အောက်တိုဘာ ၈ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ကျေးရွာများမှ သက်ကြီးအဘွား ၃ ဦးထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထိုသို့သွားရောက်ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အတွင်းရှိ အသက် ၁၀၀ နှစ်အထက် အဘွားများဖြစ်သည့် ဗိုလ်ကုန်းကျေးရွာမှ အဘွားဒေါ်ကျော့တင် (၁၀၁)နှစ်၊ စာတတ်ကူကျေးရွာမှ အဘွား ဒေါ်စောကြည် (၁၀၆)နှစ်နှင့် ဆင်ချည်တိုင်ကျေးရွာမှ အဘွားဒေါ်ရင်ကြည် (၁၀၈)နှစ် စုစုပေါင်း သက်ကြီးအဘွား ၃ ဦးတို့အား မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုဝန်ထမ်း-၃ ဒေါ်သန္တာအောင်၊ ဒေါ်နှင်းနွယ်အောင်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့တို့က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသော ထောက်ပံ့ငွေ တစ်ဦးလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် စုစုပေါင်း သက်ကြီးအဘွား ၃ ဦးအတွက် လှူဒါန်းငွေကျပ် သုံးသိန်းကို အိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)