အမြို့မြို့အနယ်နယ်သတင်းများ

Sep 28,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းရန်ပုံငွေဖြင့် ရွာခိုင်ကျေးရွာအုပ်စု၊ သူဌေးကုန်းကျေးရွာ၌ ကျေးရွာတွင်း မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအပေါ် အသုံးစရိတ်ချပြရှင်းလင်းခြင်းနှင့် လူထုစစ်ဆေးပွဲအခမ်းအနားကို စက်တင်ဘာ ၂၆ ရက် မွန်းလွဲ ၁ နာရီက အဆိုပါကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 28,2024
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ တာချီလိတ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၆) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါသင်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Sep 28,2024
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ယခုနှစ်မိုးရာသီတွင် ဖူးစားပြောင်းကို လယ်၊ ယာ၊ ကိုင်းမြေများတွင် ၆၈၆၅ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ပြီး ယနေ့အထိ ၄၅၈၃ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။
Sep 28,2024
အောက်တိုဘာ (၁)  ရက်နေ့တွင် ကျရောက်မည့်   နှစ်(၆၀)ပြည့်  မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို   ကြိုဆို ဂုဏ်ပြုသောအာဖြင့်  ကရင်ပြည်နယ်၊  မြဝတီခရိုင်ရဲတပ်ဖွဲ့မှကြီးမှူး၍   ခရိုင်နှင့် မြို့နယ်အဆင့်   ရဲတပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၉ နာရီခွဲက ပြည်သူအကျိုးပြုလုပ်ငန်းဖြစ်သည့် စုပေါင်းသွေးလှူဒါန်းပွဲကို အမှတ်(၄)ရပ်ကွက်၊  ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Sep 28,2024
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာနသို့ လေ့လာရေးအနေဖြင့် Grace Preschool မှ မူကြိုကျောင်းသား/ကျောင်းသူကလေးငယ်လေးများသည် ယနေ့နံနက် ၉ နာရီခွဲက အဆိုပါဌာနသို့ လာရောက်လေ့လာကြည့်ရှုခဲ့ကြသည်။
Sep 28,2024
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်း​မြို့နယ်၌ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် မြို့နယ်အဆင့် နည်းပြသင်တန်းကို သင်တန်းသား/ သူ (၁၃၈) ဦးတို့အား သင်တန်းနည်းပြ (၈) ဦး​ဖြ​င့် စက်တင်ဘာလ ၁၇ ရက်မှ စတင်ဖွင့်လှစ် သင်ကြားလျက်ရှိရာ ယမန်နေ့နံနက် (၉) နာရီအချိန်က သဲကုန်းမြို့နယ် ရပ်ကွက် (၁) ၊ အင်းမမြို့ သီရိကန်သာရပ်ကွက်တို့တွင် နည်းပြသင်တန်းသား/သူများအား လက်တွေ့ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းကို မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွေးနှင့် မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။
Sep 28,2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အမျိုးသမီးများဝင်ငွေတိုးရေးအတွက် ဖွင့်လှစ်သည့် အပ်ချုပ်စက်သင်တန်းဆင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု၊ ရတနာပုံကျေးရွာဓမ္မာရုံ၌ ကျင်းပခဲ့ကြကြောင်း သိရသည်။
Sep 28,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၄ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်း မြို့နယ်အဆင့် စာရင်းစစ်/ စာရင်းကောက်သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ် (၂) ရပ်ကွက်၊ မြို့နယ်ခန်းမတွင် ကျင်းပသည်။