သီတင်းကျွတ်အခါသမယတွင် မီးပုံပျံလွှတ်တင်ပွဲနှင့် ဖျော်ဖြေရေးပွဲ‌များ ကျင်းပ

တနင်္သာရီ    အောက်တိုဘာ    ၈

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်တွင် အမှတ်(၂)စစ်နယ်မြေမှူး ဗိုလ်မှူးကြီးမျိုးမင်းသူ၏ ဦးဆောင်မှုဖြင့် သီတင်းကျွတ်ဖျော်ဖြေပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပွဲတော်ကို ယမန်နေ့ ညနေပိုင်းက ရှင်မအောင်သာ ကျောက်တိုင်အနီးနှင့် အထက(တနင်္သာရီ)ကျောင်းဝင်းအတွင်းကျင်းပသည်။

ဦးစွာ အထက(တနင်္သာရီ)ကျောင်းဝင်းအတွင်း၌ မီးပုံးပျံလွှတ်တင်ခြင်းကို ဆောင်ရွက်ရာ အမှတ်(၂)စစ်နယ်မြေမှူး ဗိုလ်မှူးကြီးမျိုးမင်းသူနှင့်အတူ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ/ဆရာမ ကျောင်းသား/သူများ ဒေသခံပြည်သူများက  မီးပုံးပျံ ၁၀၀ လုံးကို တပျော်တပါးလွှတ်တင်ခဲ့ကြသည်။

ဆက်လက်၍ ရှင်မအောင်သာကျောက်တိုင်အနီးတွင်  သီတင်းကျွတ်ဖျော်ဖြေပွဲတော်ကို ကျင်းပရာ ဖိတ်ကြားထားသော အဆိုတော်များနှင့် ဂီတဝါသနာရှင် ဒေသခံပြည်သူများက ဖျော်ဖြေကြပြီး ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်းသိရှိရသည်။

သီသီခိုင်(တနင်္သာရီ)