မိုင်းတုံမြို့‌၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပ‌ဒေဆိုင်ရာ အသိပညာပေးဆွေးနွေး‌ ဟောပြောပွဲ ကျင်းပ

မိုင်းတုံ အောက်တိုဘာ  ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊မိုင်းတုံမြို့နယ်၊ မြို့မဓမ္မရုံ၌ အောက်တိုဘာ ၈ ရက်နေ့နံနက်ပိုင်းက သက်ဆိုင်ရာဌာနများ၊ ရပ်ကွက်‌အုပ်ချုပ်‌ရေးမှူး၊ ရပ်မိ၊ ရပ်ဖများနှင့်‌ ဒေသခံပြည်သူများပူးပေါင်း၍  ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပ‌ဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပ‌ဒေဆိုင်ရာ အသိပညာပေးဆွေးနွေး‌ဟောပြောပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ မိုင်းတုံ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းထွန်‌ကျော်က ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်စပ်လျဉ်း၍ ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန်နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန်  ရှင်းလင်းခြင်း၊ မြို့နယ်‌အထွေ‌ထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးလွင်မိုးက  ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းခြင်း၊ မြို့နယ်ရဲမှူးမြင့်‌အောင်က လူမှုကွန်ယက် စာမျက်နှာများတွင် ပြည် သူလူထု အထင်အမြင် လွဲမှားစေရန် ရည်ရွယ်ချက်ဖြင့် အတင်းအဓမ္မ ပေါ်တာဆွဲခြင်း၊ ဖမ်းဆီးခြင်းများ စသည့် ရေးသားဖော်ပြချက်များမှာ လုပ်ကြံရေးသားသည့် သတင်းတု၊ သတင်းမှားများသာဖြစ်၍ ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်ပူပန်စရာ မလိုကြောင်း၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လုံခြုံရေးလုပ်ငန်းများကို လှည့်ကင်း၊ ပတ်ကင်းများဖြင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးမှု လုပ်ရပ်များအပေါ် ပြည်သူနှင့်ဆက်နွယ်ပါဝင်သူများအား စုံစမ်းဖော်ထုတ်၍ ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး လုပ်ဆောင်လျက်ရှိကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသူများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ လိုက်နာရမည့် အချက်များကိုမေးမြန်း ဆွေးနွေးရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေ ကြားပေးခဲ့ပြီး‌နောက်‌ အလှည့်ကျစနစ်ဖြင့် မဲနှိက်‌ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)