လမ်းမတော် အောက်တိုဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ (Book Club) စာပေချစ်မြတ်နိုးသူများမှ စာရေးဆရာ ကပ္ပတိန်သာစိန် ရေးသားသည့် “ဘဝခရီးသွားလူငယ်များသို့” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို အောက်တိုဘာ ၈ ရက်နေ့ မွန်းလွဲ (၂)နာရီအချိန်က ကျင်းပခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် အမိမြေသစ္စာသတင်းစုံဂျာနယ် အယ်ဒီတာချုပ် ဦးသူရဇော်က အဖွင့်အမှာစကားပြောကြားပြီး၊ ဆရာမတင့်တယ်ခင်က မုဒိတာစကား ပြောကြားကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်စိန်မှ ကျေးဇူးတင်စကား ပြောကြား ခဲ့သည်။
ထို့နောက် စာပေချစ်သူများက စာရေးဆရာ ကပ္ပတိန်သာစိန်ရေးသားသည့် “ဘဝခရီးသွား လူငယ်များသို့” စာအုပ်မှ “ကိုယ်ချင်းစာစိတ်ဖြင့်ကူညီနိုင်ပါစေ” ဆောင်းပါးအား အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ယင်းနောက်စာဖတ်ဝိုင်းသို့ တက်ရောက်လာသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေး နံရံကပ်စာစောင်နှင့် သုတ/ရသစာအုပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ကျော်ဆန်းမြင့်