အမြို့မြို့အနယ်နယ်သတင်းများ

Sep 29,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၌ စက်တင်ဘာ ၁၇ ရက်ကစ၍ ၁၀ ရက်ကြာဖွင့်လှစ်ခဲ့သော ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း‌ကောက်ယူရေး မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက် သင်တန်း၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြည်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ကျင်းပခဲ့သည်။
Sep 29,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက်သင်တန်းတွင် စာတွေ့၊ လက်တွေ့ပို့ချခဲ့ရာ ယမန်နေ့နံနက် ၉ နာရီအချိန်က လက်တွေ့သင်ခန်းစာအတွက် သင်တန်းသားများက သင်တန်းခန်းမအတွင်း စမ်းသပ်ကောက်ယူခဲ့‌ကြကြောင်း သိရသည်။
Sep 29,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ (၁၈)ကြိမ်မြောက်၊ ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ခွေးရူးကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် (၈) နာရီက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ထိုးနှံ‌ပေးခဲ့သည်။
Sep 29,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့က ခမရ (၃၁၁) စစ်ရေးပြကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Sep 29,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် သင်္ဃန်းကျွန်းမြို့နယ် သစ်တောဦးစီးဌာနမှကြီးမှူး၍ သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် (၈)နာရီက ကျင်းပသည်။
Sep 29,2024
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ မြို့/ရွာများ သန့်ရှင်းသာယာလှပပြီး စိမ်းလန်းစိုပြည်စေရေး အပတ်စဉ်စနေနေ့တိုင်း ဌာနဆိုင်ရာအဖွဲ့အစည်းများစုဖွဲ့၍ ဘုရား၊ ကျောင်းကန်၊ စေတီပုထိုးများနှင့် အခြေခံပညာကျောင်းများ၊ တက္ကသိုလ်ကောလိပ်များတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၇ နာရီက မြစ်ကြီးနားမြို့၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
Sep 29,2024
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 29,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်မည့် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်ရဲမေတို့၏ စုပေါင်းသွေးလှူဒါန်းခြင်းကို ယမန်နေ့နံနက် ၈ နာရီခွဲက ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။