Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပင်းတယမြို့၌ Quarantine Center ထားရှိရန် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်
Jul 12,2021
အသက်ရူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာထိန်းချုပ်ဆောင်ရွက်နိုင်ရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိ မြို့နယ်များ တွင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ရှိ၊ မြို့နယ်ဓမ္မာရုံ၌ လူဦးရေ ၁၀၀ ဆံ့ Quarantine Center ထားရှိရန် ကြိုတင်ပြင်ဆင်မှုများအား ယနေ့နံနက် (၉ )နာရီက ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မယ်စဲ့မြို့နယ်တွင် နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်းတပ်ဆင်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများဖြန့်ဝေ
Jul 12,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ် ပွားစေရေးအတွက် လမ်းသွားလမ်းလာ ပြည်သူများအား နေအိမ်ပြင်ပထွက်ခွာပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပညာပေးခြင်း နှာခေါင်းစည်းများ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၈ နာရီခွဲက မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့နှင့် တောင်ပိုင်းရပ်ကွက် အထက(မယ်စဲ့) ကျောင်းရှေ့၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့တွင် ကိုဗစ်-၁၉ရောဂါ ပိုးအတည်ပြုလူနာ ၃၅ ဦးထပ်မံတွေ့ရှိ
Jul 12,2021
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့၌ ယမန်နေ့ ဇူလိုင်လ ၁၁ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူအသစ် ၃၅ ဦးတွေ့ ရှိပြီး သေဆုံးသူ ၆ ဦးထိ ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးဝန်ထမ်းများအား စားနပ်ရိက္ခာနှင့် ကိုဗစ် - ၁၉ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
Jul 12,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး မြို့နယ်ရုံးဝန်ထမ်းများအား စားနပ်ရိက္ခာ များနှင့်ကိုဗစ်ကာကွယ်ရေးပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၉နာရီ အချိန်က ရန်ကင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် အလှူငွေနှင့်ပစ္စည်းများ ပေးအပ်လှူဒါန်း
Jul 12,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရန် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းအတွက် အလှူငွေနှင့်ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၁၁ နာရီက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လင်းခေးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Jul 12,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီနှင့် မြို့နယ်ကုသရေးနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးထားပြီးသည့် နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များအား(ဒုတိယအကြိမ်)ထပ်မံထိုးနှံပေးခြင်းကို ယနေ့နံနက်၉နာရီက မြို့နယ်ကုသရေးနှင့် ကျန်းမာရေးဦးစီးဌာနဝင်းရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာန အဆောက်အဦ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်လင်မြို့၌ မှတ်ပုံတင်မဲ့ ဆိုင်ကယ်များကို One Stop Service စနစ်ဖြင့်မှတ်ပုံတင်ပြုလုပ်ပေး
Jul 12,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင်နှင့် လင်းခေးခရိုင်အတွင်းရှိမြို့နယ်များမှ မှတ်ပုံတင်မဲ့ ဆိုင်ကယ်များကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု၊ ဦးစီးဌာန လွိုင်လင်ခရိုင်ရုံးတွင် ဇူလိုင်လ ၁၂ ရက်နေ့မှ ဩဂုတ်လ ၂၄ ရက်နေ့အထိ ရုံးဖွင့်ရက်ပေါင်း ၃၀ အတွင်း One Stop Service စနစ်ဖြင့် ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ် ခဲ့သူများကို Swab ယူစစ်ဆေးရာ (၂၀)ဦး တွေ့ရှိ
Jul 12,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက် ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ ဆက်စပ်ခဲ့သူများကို Swab ယူ စစ်ဆေးရာ (၂၀)ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26396
Page
26397
Page
26398
Page
26399
Current page
26400
Page
26401
Page
26402
Page
26403
Page
26404
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department