အမြို့မြို့အနယ်နယ်သတင်းများ

Jul 11,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံရသူ၁၃ဦး ရှိကာပထမဦးဆုံး ပိုးတွေ့ လူနာကမ်းနားလမ်းနေ အမျိုးသမီးတစ်ဦးမှာ သေဆုံးပြီး၎င်းနှင့်ထိစပ် သူမိသားစုဝင် ပိုးတွေ့ လူနာကျား၂ဦး၊ မ၂ဦးတို့မှာ ဇူလိုင်၆ ရက်က ရောဂါပျောက်ကင်းသဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သည်။
Jul 11,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် ကိုဗစ် -၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် နှာခေါင်းစည်း mask များကို ဗိုလ်ချုပ်ပန်းခြံအနီး မြို့ထိပ်စစ်ဆေးရေးဂိတ်၌ ယနေ့နံနက် ၈ နာရီအချိန်ခန့်က အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
Jul 11,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၏ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းဝင်း၌ စုပေါင်းစိုက်ပျိုး ခဲ့ကြောင်း သိရသည်။
Jul 11,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကူးဆက်ပျံနှံ့မှုများရှိနေပြီး ပိုးတွေ့အတည်ပြုလူနာများနှင့် ပိုးတွေ့အတည်ပြု သေဆုံးလူနာများထက်တိုးလျက်ရှိနေကြောင်း ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ သိရသည်။
Jul 11,2021
ခရိုင်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ ညနေအချိန်က ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများကို ဝိုင်းဝန်ပူးပေါင်း ဆောင်ရွက်လျက်ရှိသော ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့များသို့ သွားရောက်ကာ ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိသည်။
Jul 11,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား အသက်၂၅နှစ်အောက် (Club)အသင်းလိုက် ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၄ နာရီက မြို့နယ်ပြည်ငြိမ်းအေး အားကစားကွင်း၌ စတင်ကျင်းပခဲ့ကြောင်း သိရသည်။
Jul 11,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျော်တော်မြို့နယ်တွင် လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရေးအတွက် အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် Mask Campaing ပြုလုပ်ခြင်းကို ယနေ့ နံနက် ၈ နာရီ အချိန်က မြို့အဝင်အထွက် မဟာကံကြီးရှင်ဘုးရာရှေ့ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Jul 11,2021
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် (၁၈)ဦး ထပ်မံတွေ့ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ သိရသည်။