ရန်ကင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးဝန်ထမ်းများအား စားနပ်ရိက္ခာနှင့် ကိုဗစ် - ၁၉ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

ရန်ကင်း ဇူလိုင် ၁၂

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး မြို့နယ်ရုံးဝန်ထမ်းများအား စားနပ်ရိက္ခာ များနှင့်ကိုဗစ်ကာကွယ်ရေးပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၉နာရီ အချိန်က ရန်ကင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်က အမှာစကား ပြောကြားရာ၌ ကိုဗစ်ကာလတွင် ဝန်ထမ်းများအနေဖြင့် စိတ်ခွန်အားဖြစ်စေရန် ရည်ရွယ် ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း၊ ဝန်ထမ်းအားလုံး စိတ်ပျော်ရွင်စွာဖြင့် အလုပ်တာဝန်များကို ထမ်းဆောင်နိုင်စေရန် တတ်နိုင်သမျှထောက်ပံ့ ပေးအပ်ခြင်းဖြစ်ကြောင်း၊ ကိုဗစ်ဖြစ်ပွားမှု မြင့်တက်နေသည့်အတွက် ဝန်ထမ်းများ ကျန်းမာရေးကို အထူး ဂရုစိုက်ရန်၊ သွားသတိ၊ လာသတိ၊ စားသတိ ဆိုသည့်အတိုင်း တတ်နိုင်သမျှ အသွားအလာသတိထား ဆင်ခြင်ရန် အလေးထား မှာကြားခဲ့သည်။

ထို့နောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်က ဝန်ထမ်းတစ်ဦးချင်းစီအား စားနပ်ရိက္ခာနှင့် ပါးစပ် နှာခေါင်းစီး (Mask)၊ လက်သန့်ဆေးရည်များ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဝန်ထမ်းများအား ကိုဗစ် ကာကွယ်ရေးအတွက် အထူးအလေးထားကြရန် မှာကြားခဲ့ကြောင်း သိရသည်။   

လှလှထွေး