တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု(ဃ)ပွဲစဉ် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြု

ပဲခူး အောက်တိုဘာ ၁၁

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ(၁၀)ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲအုပ်စု()ပွဲစဉ် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြုခြင်း အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးမျိုးအောင် တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

ရှေးဦးစွာ အုပ်စု()ပွဲစဉ် ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အားကစားသမားများက အသင်းလိုက်မိတ်ဆက်ကြပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ကိုယ်စား လူမှု‌ရေးရာဝန်ကြီးဦးမျိုးအောင်က အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်ချက် ရပ်အနက် နံပါတ် အချက်ဖြစ်သည့်နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေး အတွက် အမျိုးသား ပညာရေးကဏ္ဍ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေးဆိုသည့် ဦးတည်ချက်ကို အကောင်အထည်ဖော်ဆောင်ရာတွင် တစ်မျိုးသားလုံးကျန်းမာ ကြံ့ခိုင်ရေးအတွက် အားကစားလှုပ်ရှားမှုကဏ္ဍဟာလည်း မရှိမဖြစ်ဆောင်ရွက်ရန် လိုအပ်တာကို အားလုံးသိရှိကြပြီးဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲမှလည်း အားကစားသည် နိုင်ငံတော်ကိုချစ်သည့်စိတ်နှင့် စည်းလုံးညီညွတ်မှုကို ဖြစ်ပေါ်စေပြီးအားကစား မြှင့်တင်ခြင်းသည် နိုင်ငံတော်၏ ဂုဏ်ကို မြှင့်တင်ခြင်းပင်ဖြစ်ကြောင်း လမ်းညွှန်ထားရှိသည့်နည်းတူ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသော တာဝန်ကြီး ရပ်ဖြစ်တဲ့ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ ကမ္ဘာ့အလယ်တွင် မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မားရေး၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် အဆင့်အတန်းမြင့်မားစွာ ပါဝင်ယှဉ်နိုင်ရေးနှင့် အရှေ့တောင်အာရှမှ အာရှအဆင့်၊ အာရှအဆင့်မှသည် ကမ္ဘာ့အဆင့်ထိတက်လှမ်းနိုင်အောင် ကြိုးပမ်းရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အားကစားသမားများအနေနဲ့ တစ်ထောင့် တစ်နေရာမှ ကြိုးပမ်း ဆောင်ရွက်ပေးသွားကြပါလို့ တိုက်တွန်းမှာကြားလိုကြောင်း၊ ယခုလို ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲအား ပဲခူးတိုင်းဒေသကြီးအနေနဲ့အုပ်စု () ပွဲစဉ်များအား အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ဘောလုံးအားကစားနည်းဟာ နည်းစနစ်ကို အခြေခံပြီး တစ်ဦးချင်း ကျွမ်းကျင်မှု၊ လျှင်မြန်ဖျတ်လတ်မှု၊ တစ်ဦးနှင့်တစ်ဦး စည်းလုံးညီညွတ်စွာ အပေးအယူမျှတမှု၊ သက်လုံနှင့်ကြံ့ခိုင်မှုတို့ပါ ပြည့်ဝဖို့လိုတဲ့ အားကစားနည်းဖြစ်ခြင်းကြောင့် ပြိုင်ပွဲဝင်များအနေဖြင့်လည်း သတ်မှတ်ထားသော စည်းမျဉ်း/စည်းကမ်း ဥပဒေနှင့်အညီ လိုက်နာပြီး မိမိ၏ပင်ကိုယ်အရည်အသွေး၊ ဖြတ်ထိုးဉာဏ်အပေါ် လျှပ်တပြတ်အသုံးချ၍ ယှဉ်ပြိုင် အနိုင်ယူရသည့် အားကစားနည်း ဖြစ်ခြင်းကြောင့် အားကစားသမားများအနေဖြင့် ဘက်ပေါင်းစုံ ပြည့်စုံအောင် ကြိုးစားပြီး မိမိကိုယ်စားပြု တိုင်းဒေသကြီးနှင့် ပြည်နယ် အောင်နိုင်ရေးအစွမ်းကုန် ကြိုးစားယှဉ်ပြိုင်ကြဖို့ လိုအပ်မှာဖြစ်ကြောင်းပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးမျိုးအောင်က ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြုအသင်းအားလည်းကောင်း၊ ပဲခူးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအေးအေးခိုင်က စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြုအသင်းအားလည်းကောင်း၊ တိုင်းဒေသကြီးပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဝင်းအောင်က ကယားပြည်နယ်ကိုယ်စားပြုအသင်းအား လည်းကောင်း ဂုဏ်ပြုအမှတ်တရလက်ဆောင်များ အသီးသီးပေးအပ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲအုပ်စု()ပွဲစဉ် ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်အသင်းများအား လက်ဖက်ရည်ပွဲဖြင့် တည်ခင်းဧည့်ခံကြောင်း သိရသည်။

အဆိုပါ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲအုပ်စု ()ပွဲစဉ်များအား ပဲခူးတိုင်းဒေသကြီးကအိမ်ရှင်အဖြစ် အောက်တိုဘာလ (၁၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ လက်ခံကျင်းပပြုလုပ်မည်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကယားပြည်နယ်အသင်းတို့ပါဝင်ကာ တိုင်းဒေသကြီးအားကစားဥယျာဥ်‌ ဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)