ဗိုလ်တထောင် အောက်တိုဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ (၁၀/၂၀၂၅) လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၈) နာရီခွဲက သာကေတမြို့နယ်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ဗိုလ်တထောင်ခရိုင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်က “ဒီဇင်ဘာလတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွှေးကောက်ပွဲ ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်စာရင်းများကိုလည်း ရပ်ကွက်ရုံးများ၊ မဲရုံကျင်းပပြုလုပ်မည့် နေရာများတွင် စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁၃ ရက်နေ့အထိ ၁၄ ရက်ကပ်ထားမည်ဖြစ်ကြောင်း၊ မိမိတို့အမည်စာရင်းများ ပါမပါသိရှိစေရေး ရပ်ကွက်အတွင်းရှိ ပြည်သူများ လာရောက်ကြည့်ရှုကြရန်၊ ရပ်ကွက်အတွင်းသို့ လှည့်လယ်၍အသိပေးရန်လိုအပ်ကြောင်း၊ စစ်ဘေးရှောင်ပြည်သူများ မဲပေးမည့်အခွင့်အရေး မဆုံးရှုံးရေး ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ စာဖတ်ရှိန်မြင့်တင်ရေးပွဲ ဆောင်ရွက်ရာ၌လည်း ခရိုင်အနေနှင့် ဆောင်ရွက်သည့်ပွဲ ဖြစ်သဖြင့် ဗိုလ်တထောင်ခရိုင်အတွင်းရှိ မြို့နယ်များက ဝိုင်းဝန်းဆာင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ ခရိုင်အတွင်းရှိ (၅)မြို့နယ်မှ ထက်၊ လယ်၊ မူကျောင်းသား၊ ကျောင်းသူများ ပြိုင်ပွဲများတွင် ပါဝင်နိုင်ရေး ဝိုင်းဝန်းဆောင် ရွက်ပေးကြရန် အစရှိသည်များအား ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ဗိုလ်တထောင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဒေါ်ခိုင်ကလျာစောက ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များ၊ လိုက်နာဆောင်ရွက်မှုများ၊ နိုင်ငံတော်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့တို့မှ ညွှန်ကြားချက်များအား ဖတ်ကြားတင်ပြခြင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး ညွှန်ကြားချက်များ၊ ခရိုင်အုပ်ချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များကို ဖတ်ကြားခြင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များမှ ဆွေးနွေးခြင်း၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်တာဝန်ခံများမှ မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေ အနေများ အား ဆွေးနွေးတင်ပြခြင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများမှ မိမိတို့ မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်ထားရှိမှုများ၊ မဲဆန္ဒရှင်စာရင်းများ ကပ်ထားခြင်းနှင့် လာရောက်ကြည့်ရှုသူ ဦးရေများ၊ ပုံစံများဖြင့်လျောက်ထားသည့်ဦးရေများ အစရှိသည့် ဆောင်ရွက်မှုအခြေအနေများအား ဆွေးနွေးတင်ပြခဲ့ကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို မွန်းတည့် (၁၂) နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။
ထိုအစည်းအဝေးသို့ ဗိုလ်တထောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်တာဝန်ခံများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်ဝင်း(ပြန်/ဆက်)