Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဒေသတွင်းအသားငါးကဏ္ဍဖူလုံစေရေး၊ မူးယစ်ဆေးဝါးပပျောက်ရေးအတွက် ဒေသဝက်ဖြန့်ဖြူးထောက်ပံ့ပေးအပ်ပွဲကျင်းပ
Jul 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၁ခုနှစ်၊ ဇူလိုင်လ ၁၄ရက် နံနက် ၁၀ နာရီ အချိန်တွင် ဒေသတွင်း အသားကဏ္ဍဖူလုံစေရေး၊တစ်ဖက်တစ်လမ်းမှအထောက်အကူဖြစ်စေရေးနှင့် မွေးမြူရေး လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ပိုမိုထိရောက်စေရန် အတွက် ဒေသဝက် ဖြန့်ဖြူးရေးထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပရာ အခမ်းအနားသို့ ခရိုင်၊မြို့နယ် ဌာနဆိုင်ရာ အဆင့် အကြီးအကဲနှင့် ဒေသခံဝက်မွေးမြူမည့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ်၌(သိန်း၈၅၀ကျပ်ခန့်)အောက်စီဂျင်ထုတ်စက်နှင့်ဆက်စပ်ပစ္စည်းများကိုအလှူရှင်မိသားစုမှလှူဒါန်းမည်
Jul 16,2021
ဧရာဝတီတိုင်းဒေသကြီး ၊မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ပြည်သူများအတွက်လိုအပ်လျက်ရှိသော အောက်စီဂျင်ထုတ်စက်တစ်လုံးနှင့်ဆက်စပ်ပစ္စည်းများကို အိမ်မဲမြို့နယ်မှ အလှူရှင်မိသားစုမှလှူဒါန်းသွား မည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝါးခယ်မမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ(၆)ဦးထပ်မံတွေ့ရှိ
Jul 16,2021
မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံသူ(၆)ဦး ထမ်မံ တွေ့ရှိခဲ့ ကြောင်း မြို့နယ်ကျန်းမာ ရေးဦးစီးဌာန၏ ဇူလိုင်လ ၁၅ ရက်နေ့ညနေ သတင်းထုတ်ပြန် ချက်အရသိရသည်။ ပိုးတွေ့လူနာများမှာ မြို့ပေါ်ရပ်ကွက်မှ(၂)ဦး၊ ကျုံမငေးမြို့မှ(၂)ဦး၊ ကျေးရွာများမှ(၂)ဦးစုစုပေါင်း (၆)ဦး ဖြစ်ပြီး ပိုးတွေ့လူနာများအား ဝါးခယ်မမြို့ပြည်သူ့ဆေးရုံနှင့် ကျုံမငေးတိုက်နယ်ဆေးရုံတို့တွင် ကျန်း မာရေးစောင့်ရှောက်ကုသပေးလျှက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ်တွင် Covid-19 ပိုးတွေ့လူနာ (၁၅)ဦးထပ်မံတွေ့ရှိ
Jul 16,2021
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်အတွင်း Covid-19 ပိုးတွေ့လူနာ စုစုပေါင်း (၁၅) ဦး ထပ်မံတွေ့ရှိခဲ့ကြောင်းမြို့နယ်ကျန်းမာရေးဦးစီးဌာန၏ဇူလိုင်လ(၁၅)ရက်နေ့ည (၇)နာရီထုတ်ပြန်ချက် အရသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်ဆိုင်း (ကြူကုတ်) မြို့တွင် ကိုဗစ်-၁၉ အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်
Jul 16,2021
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင် ပန်ဆိုင်း(ကြူကုတ်)မြို့သည် တရုတ်နိုင်ငံ ဝမ်တိန်မြို့နှင့် နယ်စပ်ခြံစည်းရိုးသာခြားပြီး လူဝင်လူထွက် ကုန်စည်ပို့ဆောင်မှု များပြားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်းတယမြို့တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပေးကြေညာခြင်းများ ဆောင်ရွက်လျက်ရှိ
Jul 16,2021
ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့တွင် ရပ်ကွက်နှင့် ကျေးရွာအပါအဝင် ယာယီဈေးအတွင်း ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ မိဘပြည်သူ များ သိရှိစေရန်နှင့် (Mask) စနစ်တကျ တပ်ဆင်ပြီး ကြိုတင်ကာကွယ်မှုများ ပြုလုပ် နိုင်ရေးအတွက် သိရှိလိုက်နာရမည့် အချက်များအား အသိပေးကြေညာခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုး အတည်ပြုလူနာ (၂၇)ဦးထပ်မံတွေ့ရှိ
Jul 16,2021
အသက်ရှူလမ်းကြောင်းဆိုင်ရာ ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါ ကိုဗစ်-၁၉ တတိယလှိုင်း အသွင်ဖြစ် ဆက်လက်ဖြစ်ပွားပြန့်နှံ့လျက်ရှိရာ ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်း ဆိပ်ကြီးမြို့နယ်၌ ကူးစက်ဖြစ်ပွားနေလျက်ရှိပြီး ယမန်နေ့ နံနက်ပိုင်းတွင်ဓာတ်ခွဲ အတည်ပြု ချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာ (၂၇)ဦးထပ်မံတွေ့ရှိခဲ့ပြီး ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်း၌ ဇွန်လ(၂၈)ရက်နေ့မှဇူလိုင်(၁၅)ရက်နေ့ အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာမှာယနေ့ နေ့လည်ပိုင်းအချိန်အထိ(၈၃)ဦးအထိရှိလာခဲ့ပြီး သေဆုံးမှုမှာ (၁)ဦးရှိခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွာငံမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများကို အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်
Jul 16,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများ၊ များပြားလာမှုမရှိစေရေးအတွက် ယမန်နေ့ကအသံချဲ့စက်ဖြင့် မြို့နယ်အတွင်းသို့ လှည့်လှည်၍ အသိပေး/သတိပေးသည့်အနေဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26343
Page
26344
Page
26345
Page
26346
Current page
26347
Page
26348
Page
26349
Page
26350
Page
26351
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department