အိမ်မဲမြို့နယ်၌(သိန်း၈၅၀ကျပ်ခန့်)အောက်စီဂျင်ထုတ်စက်နှင့်ဆက်စပ်ပစ္စည်းများကိုအလှူရှင်မိသားစုမှလှူဒါန်းမည်

အိမ်မဲ ဇူလိုင် ၁၆
ဧရာဝတီတိုင်းဒေသကြီး ၊မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ပြည်သူများအတွက်လိုအပ်လျက်ရှိသော အောက်စီဂျင်ထုတ်စက်တစ်လုံးနှင့်ဆက်စပ်ပစ္စည်းများကို အိမ်မဲမြို့နယ်မှ အလှူရှင်မိသားစုမှလှူဒါန်းသွား မည်ဖြစ်ကြောင်း သိရသည်။
အောက်စီဂျင်ကို ပေးလှူနိုင်ရန်အတွက် သိန်း၈၅၀ကျပ်ခန့်တန်ဖိုးရှိ အောက်စီဂျင်ထုတ်စက်တစ်လုံး၊ ၄၀လီတာ အောက်စီဂျင်အိုး အလုံး(၄၀)တို့ကိုဦးအီကျင်+ဒေါ်မာမာဆွေ၊ ဦးအီရန်း+ဒေါ်ခင်စန်းဦး အီရုံး+ဒေါ်စန်းမြင့် ၊ ဦးသိန်းလွင်+ ဒေါ်ကျင်စွမ်ဦးချစ်လွင်+ဒေါ်ကြည်ကြည်အေး ၊ ဦးဟန်လင်းထက်+ ဒေါ်ကြွယ်ကြွယ် မိသားစုတို့မှ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်းသိရသည်။
 
အောက်စီဂျင်ထုတ်စက်တပ်ဆင်ပြီးစီးသွားပါကတစ်နာရီလျှင်အောက်စီဂျင်အိုး(၄)အိုးထုတ်ယူနိုင်ပြီး(၂၄)နာရီလျှင် အောက်စီဂျင်းအိုး(၁၀၀)ကျော်ထုတ်ယူနိုင်မှာဖြစ်ကြောင်းလည်းသိရသည်။
အိမ်မဲပြန်ဆက်