အိမ်မဲ ဇူလိုင် ၁၆
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်အတွင်း Covid-19 ပိုးတွေ့လူနာ စုစုပေါင်း (၁၅) ဦး
ထပ်မံတွေ့ရှိခဲ့ကြောင်းမြို့နယ်ကျန်းမာရေးဦးစီးဌာန၏ဇူလိုင်လ(၁၅)ရက်နေ့ည (၇)နာရီထုတ်ပြန်ချက် အရသိရသည်။
ပိုးတွေ့လူနာ(၅)ဦးအား Covid-19 Treatment Center(ရွာသစ်) ၊ပိုးတွေ့လူနာ(၃)ဦးအား Covid-19 Treatment Center (အိမ်မဲဆေးရုံ)နှင့်ကျန်ပိုးတွေ့လူနာ(၇)ဦးအား Covid-19 Treatment Center(အိမ်မဲမြို့ ရွှေလင်း ယုန်အားကစားကွင်း)သို့ လိုအပ်သော ဆေးဝါးကုသမှုများခံယူနိုင်ရန် လွှဲပြောင်းပေးပို့ပြီး ကုသပေးသွားမည် ဖြစ်ကြောင်း၊ ၎င်းတို့နှင့်ထိတွေ့သူများအား အသွားအလာကန့်သတ်၍ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများအား ဆောင်ရွက်သွားမည် ဖြစ်ကြောင်းမြို့နယ်ကျန်းမာရေးဦးစီးဌာနထုတ်ပြန်ချက်အရသိရသည်။
အိမ်မဲမြို့နယ်တွင် Covid-19 ပိုးတွေ့လူနာဇွန်လ (၂၅)ရက်နေ့မှ ဇူလိုင်လ(၁၅)ရက်နေ့ည(၇)နာရီအထိ စုစုပေါင်း(၁၄၇)ဦး၊ဆေးရုံဆင်းလူနာ(၁၅)ဦး၊လက်ရှိကုသမှုခံယူနေသူ(၁၃၁)ဦး၊သေဆုံးလူနာ(၁)ဦးရှိကြောင်းမြို့နယ်ကျန်းမာရေးဦစီးဌာနမှသိရသည်။
ချစ်သက်လယ်(အိမ်မဲ)