ကြာအင်းဆိပ်ကြီး ဇူလိုင် ၁၆
အသက်ရှူလမ်းကြောင်းဆိုင်ရာ ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါ ကိုဗစ်-၁၉ တတိယလှိုင်း အသွင်ဖြစ် ဆက်လက်ဖြစ်ပွားပြန့်နှံ့လျက်ရှိရာ ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်း ဆိပ်ကြီးမြို့နယ်၌ ကူးစက်ဖြစ်ပွားနေလျက်ရှိပြီး ယမန်နေ့ နံနက်ပိုင်းတွင်ဓာတ်ခွဲ အတည်ပြု ချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာ (၂၇)ဦးထပ်မံတွေ့ရှိခဲ့ပြီး ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်း၌ ဇွန်လ(၂၈)ရက်နေ့မှဇူလိုင်(၁၅)ရက်နေ့ အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာမှာယနေ့ နေ့လည်ပိုင်းအချိန်အထိ(၈၃)ဦးအထိရှိလာခဲ့ပြီး သေဆုံးမှုမှာ (၁)ဦးရှိခဲ့ ကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့တွင် ယမန်နေ့က (၂၁)ဦးထပ်မံတွေ့ရှိရပြီး ဇွန်လ(၂၈)ရက်နေ့မှဇူလိုင် (၁၅)ရက်နေ့အထိ ရောဂါပိုးတွေ့ရှိသူ(၅၉)ဦး၊ ရောဂါသက်သာပျောက်ကင်း ဆေးရုံဆင်းသူ (၁၂)ဦးနှင့် မြို့နယ်ပြည်သူ့ဆေးရုံနှင့် မြို့နယ်အားကစားရုံရှိ ကျန်းမာရေးစောင့်ရှောက်မှု ကုသရေးစင်တာတွင်(၄၇)ဦး ဆက်လက်ကုသဆဲဖြစ်ပြီး ကျိုက်ဒုံမြို့တွင်ယမန်နေ့က(၁)ဦး တွေ့ရှိကာ မြို့တိုက်နယ်ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိပြီး၊ ဘုရားသုံး ဆူမြို့တွင် ယမန်နေ့က(၅)ဦးထပ်မံတွေ့ရှိပြီး ဇွန်လ(၂၈)ရက်နေ့မှ ယမန်နေ့အထိ (ပိုးတွေ့) အတည်ပြုလူနာ(၂၃)ဦး၊ သေဆုံးသူ(၁)ဦး၊ သက်သာပျောက်ကင်းဆေးရုံဆင်းသူ (၄)ဦးနှင့် မြို့ပြည်သူ့ဆေးရုံတွင် ဆက်လက်ကုသမှုခံယူဆဲ(၁၈)ဦးရှိကြောင်း ကြာအင်းဆိပ်ကြီးမြို့ နယ်အတွင်း၌ ဇွန်လ(၂၈)ရက်နေ့မှ ယမန်နေ့အထိ ပိုးတွေ့အတည်ပြုလူနာ(၈၃)ဦး ဆေးရုံ ဆင်းသူ(၁၆)ဦး၊ သေဆုံးသူ(၁)နှင့် သက်ဆိုင်ရာကုသရေးစင်တာများတွင် ဆက်လက်ကုသ ဆဲလူနာ(၆၆)ဦးရှိကြောင်းသိရသည်။
မျိုးမင်းဦး