ပန်ဆိုင်း(ကြူကုတ်) ဇူလိုင် ၁၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင် ပန်ဆိုင်း(ကြူကုတ်)မြို့သည် တရုတ်နိုင်ငံ ဝမ်တိန်မြို့နှင့် နယ်စပ်ခြံစည်းရိုးသာခြားပြီး လူဝင်လူထွက် ကုန်စည်ပို့ဆောင်မှု များပြားလျက်ရှိကြောင်း သိရသည်။
ပန်ဆိုင်း(ကြူကုတ်) မြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ တားဆီးနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက မြို့အတွင်း ကားတန်းတစ်လျှောက်ရှိ ကားဆရာများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အသိပညာပေးခြင်း၊ နှာခေါင်းစည်းများ ဝေငှခြင်းများကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် စည်ပင်သာယာ ဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မဖြူ (ပန်ဆိုင်း)