ပင်းတယမြို့တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပေးကြေညာခြင်းများ ဆောင်ရွက်လျက်ရှိ

ပင်းတယ ဇူလိုင် ၁၆

ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့တွင် ရပ်ကွက်နှင့် ကျေးရွာအပါအဝင် ယာယီဈေးအတွင်း ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ မိဘပြည်သူ များ သိရှိစေရန်နှင့် (Mask) စနစ်တကျ တပ်ဆင်ပြီး ကြိုတင်ကာကွယ်မှုများ ပြုလုပ် နိုင်ရေးအတွက် သိရှိလိုက်နာရမည့် အချက်များအား အသိပေးကြေညာခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အပြင်သွားလာပါက Mask တပ်ဆင်ပြီးမှ သွားလာကြရန်၊ Mask တပ်ဆင်ခြင်းမရှိဘဲ သွားလာနေသည်ကို စစ်ဆေးတွေ့ရှိပါက ဒဏ်ရိုက်အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လိုက်နာဆောင်ရွက်ခြင်း မရှိပါကသဘာဝဘေးအန္တရာယ် ဆိုင်ရာ ဥပဒေနှင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသည်ဖြင့် နံနက် တစ်ကြိမ် ညနေတစ်ကြိမ် အသိပညာပေး ကြေညာလျက်ရှိကြောင်း သိရသည်။

မိုးမိုးထွေး