အမြို့မြို့အနယ်နယ်သတင်းများ

Jul 16,2021
ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေဆိုင်ရာအသိပညာပေး Talk Showကို ဇူယမန်နေ့ နံနက် (၁၁)နာရီအချိန်က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
Jul 16,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ပြည်သူ့ဆေးရုံတွင် ယမန်နေ့ မွန်းလွဲ(၂)နာရီက၊ သံသယလူနာ(၂၅)ဦးအား RDT Test Kit ဖြင့်စစ်ဆေးရာ၊ အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၂)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပြီး၊ အသက်(၆၁)နှစ်အရွယ်အမျိုး သား(၁)ဦးမှာ ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးခဲ့ကြောင်းသိရသည်။
Jul 16,2021
မန္တလေးတိုင်းဒေသကြီး ၊ ရမည်းသင်းမြို့ နည်းပညာတက္ကသိုလ်၌ နေရပ်ပြန်များ၊ဖျားနာခြင်းနှင့် အနံ့မရရှိသူများအား မြို့နယ်ပြည်သူ့‌ကျန်းမာရေးဦးစီးဌာနမှ RDT Tesk Kit ဖြင့် ယမန်နေ့ နံနက် ၉နာရီကစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူအတည်ပြုလူနာသစ်(၂၆)ဦးနှင့်ထိစပ်သူများအားဒုတိယအကြိမ်မန္တလေးပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန သို့ပေးပို့ထားသူမျာအနက်ပိုးတွေ့သူတစ်ဦးထပ်မံ တွေရှိကြောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှသိရသည်။
Jul 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း လက်ရှိ ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ နှင့် ပတ်သက်၍ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို တာဝန်ရှိသူများနှင့် သွားရောက် တွေ့ဆုံမေးမြန်းခဲ့ရာ အောက်ပါအတိုင်း သိရှိခဲ့ရပါသည်- ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်၏ ပြောကြားချက် “ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း မြို့နယ် ၉ မြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကိုဗစ်ရှီး (Covid Shield)ကို ပထမအကြိမ်၊ ဒုတိယအကြိမ် ထိုးနှံပြီးသူ ၃၆၇၃၅ ဦး ထိုးနှံပြီးဖြစ်ပါတယ်၊ ဒါ့အပြင် ဆီနိုဖန်း(Sinopharm) ကာကွယ်ဆေးကို ပထမအကြိမ် ထိုးနှံပြီးသူ ၁၉၇၃ ဦးထိုးနှံခဲ့ပြီး ဒုတိယအကြိမ်ထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။ ရှမ်းအရှေ့အတွက် ဆီနိုဖန်း ကာကွယ်ဆေး ၂၂၀၂၀၂ ရရှိရေးကိုလည်း စီစဉ်ဆောင်ရွက် ထားပြီးလည်းဖြစ်ပါတယ်။
Jul 16,2021
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက Covid-19 ရောဂါကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွန်ကြားချက်နှင့်အညီ သိရှိနိုင်စေရန်အတွက် အသိပညာပေး နံရံကပ် စာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နံရံကပ်ပြဘုတ်၌ ပြသ ဆောင်ရွက်ခဲ့သည်။
Jul 16,2021
လားရှိုးမြို့တွင် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါပိုးတွေ့လူနာများကို ကုသနိုင်ရေးအတွက် လားရှိုးမြို့ ပညာရေးကောလိပ်တွင် ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး အမြန်ဆုံးပြီးမြောက်နိုင်ရေးအတွက် ခရိုင် ကိုဗစ်-၁၉ ကုသရေးစင်တာ အုပ်ချုပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့သည်။
Jul 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူသည် ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ဝမ်လျန့်ကျေးရွာ၊ အမှတ်(၂)ရပ်ကွက်နှင့် ယမ်းပုံးကျေးရွာရှိ နေအိမ်အသွားအလာ ကန့်သတ်စောင့်ကြည့်သူများ၏ အခြေအနေအား သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။